ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအား ပြန်လည်တွေ့ရှိ

မယ်ဟောင်ဆောင်မှ ထိုင်းအာဏာပိုင်၊ ဒုက္ခသည် စခန်းမှ တာဝန်ရှိ သူတွေနဲ့ ကျောင်းသားတွေ ပေါင်းပြီး ရေမျော ပျောက်ဆုံး ခဲ့တဲ့ အသက် ၄၇နှစ်အရွယ် ခူးတော်ကို ဆက်လက်ရှာဖွေ ခဲ့ကြရာ သြဂုတ်လ ၃၀ရက် နေ့ မနက်မှာ အလောင်းအား ပြန်လည် တွေ့ရှိခဲ့ပါပြီ။

သြဂုတ်လ ၂၆ရက်နေ့ည အချိန်မှာ ရုတ်တရက် ရေကြီးမှု ဖြစ်ပွား ခဲ့တဲ့ အတွက် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှ ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ပါတယ်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes?hc_location=timeline
ဓါတ်ပုံ-ကူးဒူ(ကေတီ)




ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအား ပြန်လည်တွေ့ရှိ ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအား ပြန်လည်တွေ့ရှိ Reviewed by သစ်ထူးလွင် on 12:56 Rating: 5
Powered by Blogger.