သထုံမြို့နယ် ကျိုက္ကော်၊ သိမ်ဆိပ်နှင့် တောင်ကြားရပ်ကွက်များတွင် မိုးများ၍ လူနေအိမ်းမျာ ရေကြီးနစ်မြိုပ်ကာ ကားလမ်းယာယီပိတ်

 သထုံ ဩဂုတ် ၆

 မွန်ပြည်နယ် သထုံမြို့နယ်တွင် ဩဂုတ် ၅ ရက်က မိုးများပြီး တောင်ကျရေများ စီးဆင်းလာသောကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ခြောက်ဖာလုံခန့်နှင့် ကျိုက္ကော်၊ သိမ်ဆိပ်နှင့် တောင်ကြား ရပ်ကွက်တို့မှ လူနေအိမ်များ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံများ ရေဘေးဒုက္ခကြုံတွေ့နေရပြီး ခရီးသွား ပြည်သူများ အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်း တွေ့ရှိရသည်။
"နံနက် ၉ နာရီလောက်ကစပြီး ရေတက်လာတာပါ၊ ၁၀ နာရီလောက်မှာရေက တအားများလာလို့ ကားလမ်း ယာယီပိတ်ထားရတယ်၊ အနိမ့်ပိုင်းက တဲအိမ်တွေက ခေါင်မိုးလောက်ပဲပေါ်တော့တယ်၊

ကားလမ်းပေါ်မှာတင် ရေကအမြင့် ငါးပေလောက်တက်လာပြီ" ဟု ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမူးက ပြောသည်။ ကျွန်မအ သက် (၆၀)လောက်ရှိပြီ၊ တစ်ခါမှ ဒီလောက် ရေကြီးတာမဖြစ်ဖူးသေးဘူး၊ နာဂစ်မုန်တိုင်း အချိန်ကတောင် ဒီလောက် ရေမကြီးခဲ့ဘူး၊ တောင်ကျရေကများပြီး အောက်မှာရှိတဲ့ ချောင်းတွေကရေမဆွဲနိုင်တော့ ခုလိုရေတဖြည်းဖြည်း များလာတာလို့ ထင်ပါတယ်" ဟု ရေနစ်မြုပ် ဒဏ်ခံရသူတစ်ဦးက ဆိုသည်။ ရေနစ်မြုပ်ဒဏ် ခံနေရသူများအား သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံကူညီ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ရေဘေးသင့်အိမ် ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။ "ရေတွေ ဝိုင်းနေတဲ့ အိမ်၊ ကျောင်းတွေမှာ ပိတ်မိနေသူတွေကို လိုက်လံရှာဖွေပြီး ကြိုးစားကယ်ဆယ်ရတာ အချို့ နေရာတွေမှာ ရေစီးကသန်တော့ အရမ်းခက်ခဲပါတယ်။ ရေကဘယ်အချိန်ထိဆက်ပြီး ကြီးမလဲမသိတော့ ဒီဒုက္ခသည်တွေအတွက် ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါး၊ နောက်ပြီး အဓိကကတော့ ရေကောင်း ရေသန့်တွေရရှိဖို့ လိုအပ်ပါတယ်" ဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ ရေဘေး ဒဏ်ခံနေရသူများအား ကျိုက္ကော်အထက်တန်းကျောင်းတွင် အရေးပေါ်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ လိုအပ်သူများအား အရေးပေါ်ကျန်းမာရေး စစ်ဆေးကုသ ပေးပြီး သထုံမြို့နယ်အတွင်းမှ စေတနာ ရှင်များက အစားအစာ၊ ရေနှင့် အဝတ်အထည်များကို လိုက်လံလှူ ဒါန်းပေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


သထုံမြို့နယ် ကျိုက္ကော်၊ သိမ်ဆိပ်နှင့် တောင်ကြားရပ်ကွက်များတွင် မိုးများ၍ လူနေအိမ်းမျာ ရေကြီးနစ်မြိုပ်ကာ ကားလမ်းယာယီပိတ်  သထုံမြို့နယ် ကျိုက္ကော်၊ သိမ်ဆိပ်နှင့် တောင်ကြားရပ်ကွက်များတွင် မိုးများ၍ လူနေအိမ်းမျာ ရေကြီးနစ်မြိုပ်ကာ ကားလမ်းယာယီပိတ် Reviewed by သစ်ထူးလွင် on 11:07 Rating: 5
Powered by Blogger.