လမ်းလျှောက်နေသူများကို ယာဉ်တိုက်ခံရ၍ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၃၁

၂၉.၈.၂၀၁၄ရက်နေ့ ၂၂၃၀အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်း အတိုင်း လေဆိပ်လမ်းဆုံ ဘက်မှ စော်ဘွားကြီး ကုန်းဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကျော်ကျော်စိုး (၂၈)နှစ် မောင်းနှင်လာသည့် 7G---TOYOTA GRANVIA ယာဉ်သည် (၁၀)မိုင်ကုန်း မှတ်တိုင်အနီး အရောက် ယာဘက်လမ်းဘေးမှ လမ်းလျှောက်သွား နေသူ အင်းစိန်မြို့နယ်နေ ကိုသိန်းထိုက် (၃၀)နှစ်နှင့် ကိုရန်ရှင်း (၁၉)နှစ်တို့ (၂)ဦးကို တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုသိန်းထိုက်မှာ ဦးခေါင်းပေါက်ပြဲ၊ ယာပါး၊ ဝဲမျက်ခုံးပေါက်ပြဲ၊ ဝဲနားသွေးထွက် ဒဏ်ရာများရရှိခဲ့၍ အင်းစိန်ဆေးရုံသို့တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ပြီး ကိုရန်ရှင်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ဝဲ/ယာတံတောင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီး၌ ပြင်ပလူနာ
အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်ကျော်ကျော်စိုးအား အင်းစိန်မြို့မရဲစခန်းယာဉ် (ပ) ၁၀၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


လမ်းလျှောက်နေသူများကို ယာဉ်တိုက်ခံရ၍ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ လမ်းလျှောက်နေသူများကို ယာဉ်တိုက်ခံရ၍ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 11:15 Rating: 5
Powered by Blogger.