ပညာရေးဥပဒေကြမ်းဖျက်သိမ်းဖို့  တက္ကသိုလ်ကျာင်းသားများ ဆန္ဒပြ (ရုပ်/သံ)



မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးမူကြမ်း ရုပ်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး - ဘကြီးအောင် DVB TV - 27.08.2014


မန္တလေးတွင် အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

ဒီနေ့ မနက်က ရတနာပုံတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၀၀ လောက်ဟာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ ကျောင်းတွင်းထုတ်ပြန်ထားတဲ့ မတရားတဲ့ စည်းကမ်းချက်တွေကို ကန့်ကွက်ရှုတ်ချပြီး ဥပဒေနဲ့ ဗဟိုဦးစီးစနစ်က ကျောင်းသားတွေအတွက် ပွင့်လင်းမြင်သာမှုမရှိလို့ ဆန္ဒဖော်ထုတ်တာပါလို့ ပါဝင်တဲ့ ကျောင်းသားတွေက ပြောပါတယ်။
ရတနာပုံတက္ကသိုလ်၊ စစ်ကိုင်း၊ မုံရွာနဲ့ ကျောက်ဆည် နည်းပညာ တက္ကသိုလ်တွေက ကျောင်းသား သမဂ္ဂတွေ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။

ကျောင်းဝင်းအတွင်းမှာတော့ ဆိုင်းဘုတ်ထောင်တာပဲ ရှိခဲ့ပြီး ကျောင်းဝင်းအပြင်မှာတော့ အမျိုးသားပညာရေးဥပဒေမူကြမ်း အလိုမရှိ၊ ကျောင်သားသမဂ္ဂများ အသင်းအဖွဲ့ များလွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရှိရေး ဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့တာပါ။

“အမျိုးသားပညာရေးဥပဒေမှုကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ၇၁ ချက်ပြင်ဆင်တယ်လို့ သိရပါတယ်။ ဘာတွေ ပြင်ဆင်တာလည်း ရှင်းရှင်းလင်းလင်းကျနော်တို့ ကျောင်းသားထုကို ဖွင့်ချပြတာတွေ မရှိပါဘူး။ တကယ်ဆိုရင် ကျောင်းသားကိုယ်စားလှယ်တွေကို ခေါ်ယူပြီး ပွင့်လင်းမြင်သာအောင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ အားလုံးနဲ့ ရေးဆွဲရမှာဖြစ်တယ်။ ပြင်ပေးတယ်သာ ဆိုတယ်။ ဘာမသိလိုက်ရလို့ ဒုတိယအကြိမ်ဆန္ဒဖော်တာပါ”လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ခံက ပြောပါတယ်။

ပြီးတော့ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ သမဂ္ဂခွပ်ဒေါင်းအလံတွေ စိုက်ထူတာ၊ ကျောင်းသား သမဂ္ဂမှဦးဆောင်ပြီး စတစ်ကာ ကန်ပိန်းတွေလည်း လုပ်သွားဦးမယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရတနာပုံတက္ကသိုလ်မှာ ဒီဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/63479

ဓာတ်ပုံ-ရဲလင်းအောင်


ပညာရေးဥပဒေကြမ်းဖျက်သိမ်းဖို့  တက္ကသိုလ်ကျာင်းသားများ ဆန္ဒပြ (ရုပ်/သံ) ပညာရေးဥပဒေကြမ်းဖျက်သိမ်းဖို့  တက္ကသိုလ်ကျာင်းသားများ ဆန္ဒပြ  (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 19:38 Rating: 5
Powered by Blogger.