မိုးရာသီရောက်တိုင်း ရေဘေးသင့် နေရတဲ့ မြန်မာပြည်

 မြန်မာပြည်ဟာ မိုးရာသီ ရောက်လို့ မိုးသည်းသည်းထန်ထန် ရွာပြီဆိုရင် နေရာတော်တော်များ များမှာ ရေကြီးရေလျှံမှုတွေ ဖြစ် ပေါ်ပြီး ရေဘေးသင့်မှုနဲ့ ကြုံတွေ့ နေကျပါ။မြန်မာပြည်ရဲ့ မိုးရာသီကို မိုးဦးကာလ(ဇွန်)၊ မိုးလယ်ကာလ (ဇူလိုင်၊သြဂုတ်)နဲ့ မိုးနှောင်းကာလ (စက်တင်ဘာ)လို့ ကာလသုံးခုခွဲ ထားပြီး နှစ်စဉ်ရေကြီးရေလျှံမှုတွေ က မိုးလယ်နဲ့မိုးနှောင်းမှာ ဖြစ်ပေါ် လေ့ရှိပါတယ်။

 မြန်မာပြည်မှာ ရေ ဘေးအန္တရာယ်ဟာ ဒုတိယအဖြစ် အများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ပြီး ရေဘေးအန္တရာယ်ကြောင့် ၁၉၉၇ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ် အတွင်း လူပေါင်း ၁၁၄ဦး သေဆုံး ခဲ့တယ်။ အိမ်ထောင်စုပေါင်း ၇၇၈၄၃ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁၆၉ဝ၉ သိန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါ တယ်။ ဒီ့အပြင် ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ်အတွင်းမှာလည်း ရေ ကြီးမှုကြောင့် လူ၊ နေအိမ်၊ လယ် စိုက်ဧက၊ တိရစ္ဆာန်တွေနဲ့ ငွေကြေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ရေကြီးမှု သဘာဝဘေးအန္တရာယ် ဟာ မြန်မာပြည်သူပြည်သားတွေ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အချိန်တိုအတွင်းမှာ ပျက်စီးဆုံးရှုံး စေနိုင်တဲ့ ဘေးအန္တရာယ်တစ်ခုဖြစ် နေတဲ့အတွက် သတိရှိရှိနဲ့ ကြိုတင် ကာကွယ်မှုတွေကို စနစ်တကျ ဆောင်ရွက်ထားသင့်ပါတယ်။

ရေကြီးမှုသဘာဝဘေးအန္တရာယ် ဟာမိုးသည်းသည်းထန်ထန်အဆက် မပြတ်ရွာသွန်းခြင်း၊ ရေစီးဆင်းမှု စနစ်ညံ့ဖျင်းခြင်း၊ မြစ်ကြောင်းပိတ် ဆို့ခြင်း၊ ရေလမ်းကြောင်းပြောင်း လဲခြင်း၊ဆည်တမံနဲ့ မြစ်ကူးတံတား တွေ တည်ဆောက်ရာမှာ နည်း ပညာပိုင်းအားနည်းခြင်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ ရာသီ ဥတု ပြောင်းလဲခြင်းတွေကြောင့် ဖြစ်ပွားရတာပါ။ မြန်မာပြည်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာ အပေါ်ယံအမြင်နဲ့ဆိုရင်တော့ မိုး သည်းသည်းထန်ထန်ရွာလို့ပဲပြောရ မှာပါ။ တကယ်တော့ ရေကြီးမှု ဖြစ်ပေါ်စေတဲ့ကိစ္စရပ်တွေကအများ ကြီးပါ။ ပြောရမယ်ဆိုရင် သစ် တောတွေ အဆမတန်ပြုန်းတီးမှု၊ သယံဇာတတွင်းထွက်တွေ အဆ မတန်ထုတ်ယူမှုကနေ စပြောရပါ မယ်။ သစ်တောတွေပြုန်းမှု၊တွင်း ထွက်တွေ ထုတ်ယူမှုကြောင့် မြေ ဆီလွှာ ထိန်းချုပ်နိုင်မှုတွေ အား နည်းလာပြီး မိုးရွာသွန်းတဲ့အခါ မြေဆီလွှာတွေ တိုက်စားခံရတယ်။တိုက်စားခံရတဲ့ မြေဆီလွှာတွေဟာ မိုးရေရဲ့သယ်ဆောင်မှုကြောင့် မြစ်၊ ချောင်းတွေထဲ ရောက်သွားတယ်။ မြစ်ချောင်းတွေကလည်းပုံမှန်အတိုင်း ဆိုရင် မြေဆီလွှာ၊သဲနုန်းတွေကို ရေစီးအားနဲ့ ပင်လယ်အထိ သယ် ဆောင်သွားနိုင်ပေမယ့် မြစ်ချောင်း တွေမှာလည်း အရင်လိုခွန်အားတွေ မရှိတော့ပါ။

မြစ်တွေဟာ မြစ်ကိုမြင်ရင် တံတားဆင်ဆိုပြီး ဆောက်ခဲ့တဲ့ တံတားတွေ၊လျှပ်စစ်ရဖို့၊စိုက်ပျိုးရေ ရဖို့ဆောက်ခဲ့တဲ့ ဆည်တမံတွေ ကြောင့် ရေစီးအားနည်းသွားပြီး မြေဆီ၊သဲနုန်းတွေကို ပင်လယ်အထိ မသယ်ဆောင်နိုင်တော့ဘဲ ရောက် တဲ့နေရာမှာ ပို့ချရတဲ့အတွက် သောင်ထွန်းမှုတွေဖြစ်ပေါ်လာတယ်။ မြစ်ထဲမှာ သောင်တွေထွန်းလာတဲ့ အတွက် မြစ်ကြောင်းပိတ်ဆို့မှုတွေ၊ မြစ်ကြောင်းပြောင်းလဲမှုတွေ၊ မြစ် ကြောင်းခွဲဖြာစီးဆင်းမှုတွေဖြစ်လာ တယ်။ သဲနုန်းပို့ချမှုတွေက တစ် နှစ်ထက်တစ်နှစ် များပြားလာတဲ့ အတွက် မြစ်တွေဟာ တိမ်ကော လာတယ်။ အဲဒီအချိန်မှာ မိုးက သည်းသည်းထန်ထန်အဆက်မပြတ် ရွာသွန်းတဲ့အခါ ရေကြီးရေလျှံမှု တွေ ဖြစ်ပေါ်ရတော့တာပဲ။

မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် မုတ်သုံကာလ တိုတောင်းလာပေ မယ့် မိုးရွာသွန်းရင်တော့ သည်း သည်းထန်ထန်ရွာသွန်းလာပါတယ်။ ဒါကြောင့် ၂ဝဝ၈ ခုနှစ်ကစပြီး ကချင်၊ကယား၊ ကရင်၊မွန်၊ ရခိုင် ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးတို့မှာ နှစ်စဉ် မိုးရွာ သွန်းမှုတွေဟာ ပုံမှန်ထက် ပိုခဲ့တဲ့ အတွက် ရေကြီးမှုတွေလည်း ဖြစ် ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရေကြီးမှုတွေဟာ ဇွန်လမှ အောက် တိုဘာလအတွင်းဖြစ်ပေါ်ပြီး ဇူလိုင်၊ သြဂုတ်လတွေမှာ မိုးအားပိုကောင်း တဲ့အတွက် ရေကြီးမှုအများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။ မြန်မာပြည် ဟာ မြစ်ချောင်း၊အင်းအိုင်တွေ ပေါ များတဲ့အတွက် ရေကြီးရေလျှံမှုတွေ တစ်နိုင်ငံလုံးမှာဖြစ်ပွားနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်တောင်ပိုင်းမှာ ဒီရေ တက်ချိန်နဲ့ မြစ်ရေစီးဆင်းမှုမြင့်မား ချိန်တို့တိုက်ဆိုင်ရင် ရေကြီးမှုဖြစ် ပွားတတ်ပါတယ်။ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ မွန် ပြည်နယ်မှာ မိုးသည်းထန်စွာရွာ တဲ့အတွက် လျှပ်တစ်ပြက် ရေကြီး တတ်ပါတယ်။ မြန်မာပြည်မှာ မိုးတွေအဆက်မပြတ်ရွာသွန်းရင် ရေကြီးရေလျှံမှုတွေဖြစ်ပွားလေ့ရှိ တဲ့အတွက် မိုးတွေသည်းသည်း ထန်ထန် အဆက်မပြတ်ရွာသွန်း နေမယ်ဆိုရင် ရေကြီးမှုတွေဖြစ်ပွား နိုင်တဲ့ဒေသမှာ နေထိုင်တဲ့သူတွေ အနေနဲ့ အထူးသတိထားရပါမယ်။

ယခုနှစ်တွင်မိုးလယ်နဲ့မိုးနှောင်း ကာလဖြစ်တဲ့ ဇူလိုင်လမှ စက်တင် ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မြန်မာ နိုင်ငံတစ်ဝန်းရှိ မိုး/ဇလစခန်းတွေ မှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်နိုင်တဲ့ နေရာတွေကို စာရင်းထုတ်ပြန်ထား ကြောင်း၊အဲဒီစာရင်းတွေအရသံလွင် မြစ်အနီးရှိ ဘားအံမြို့၊ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့၊ ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့၊ တောင်ငူနဲ့ မဒေါက်မြို့၊ မန္တလေးတိုင်းဒေသ ကြီး မြစ်ငယ်မြို့တို့ကို ရေကြီးမှု အန္တရာယ်အရှိဆုံးမြို့တွေအဖြစ် သတ်မှတ်ထားတဲ့အပြင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့ပေါင်း ၁၅မြို့အနက် ခုနစ် မြို့ကို ရေကြီးမှုအန္တရာယ်ရှိနိုင်တဲ့ မြို့တွေအဖြစ် သတ်မှတ်ထားပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မှာလည်း ရေကြီးမှုအန္တရာယ်ရှိနိုင် တဲ့နေရာတွေသတ်မှတ်ထားကြောင်း မိုး/ဇလကထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်တွေအရ မိုးလယ်ကာလ သြဂုတ်နဲ့စက်တင် ဘာလတွေမှာ မြစ်ငယ်၊တောင်ငူ၊ ပဲခူး၊မဒေါက်၊ဟင်္သာတနဲ့ဘားအံမြို့ တို့မှာ မြစ်ရေကြီးမှုကြောင့် ရေ လွှမ်းမိုးမှုအနည်းဆုံး နှစ်ကြိမ်ဖြစ် ပေါ်နိုင်ပါတယ်။လက်ရှိမြန်မာနိုင်ငံ ရဲ့ ရာသီဥတုအနေအထားဟာ မိုး လေဝသပညာရှင်တွေတောင်ခန့်မှန်း ဖို့ အင်မတန်ခက်ခဲတဲ့အနေအထား ဖြစ်နေပါတယ်။ မုတ်သုံကလည်း အရင်ကထက်နောက်ကျဝင်တယ် ဆိုပေမယ့် မုတ်သုံမိုးကတော်တော် အားကောင်းနေတာကိုတွေ့ရပါတယ်။ တကယ်မိုးများနေကျကာလတောင် မရောက်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ရွာခဲ့တဲ့မိုးကြောင့် မိုးရေချိန်လက်မ တွေတိုးခဲ့သလို အချို့နေရာတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာပြည်မှာ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်နေစဉ်မှာပဲ ဆည် တွေက ရေလွှတ်တဲ့အတွက် ရေ ကြီးမှုအန္တရာယ်က ပိုမိုကြီးမားလာ ရတာတွေလည်းရှိပါတယ်။ ဆည် တွေဟာ တည်ဆောက်စဉ်အခါ ကတည်းက ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုတွေအားနည်းခဲ့၊ EIA,SIA လေ့လာမှုတွေအားနည်းခဲ့၊နည်း ပညာပိုင်းတွေအားနည်းခဲ့၊ အစစ အရာရာအားနည်းခဲ့တဲ့ ဆည်တမံ တွေဟာ မိုးတွေအဆက်မပြတ် ရွာ သွန်းတဲ့အခါ ရေတွေလျှံပြီး တမံ မကျိုးပေါက်ဖို့အတွက် ရေတွေ ထုတ်လွှတ်ရပါတယ်။ ဝန်ထမ်း တွေမှာလည်း ဆည်ရေလျှံရင် ရေ ဖောက်ချဖို့ အသိပဲရှိခဲ့ပါတယ်။ ရေဖောက်ချလိုက်တဲ့အတွက် လူနေ အိမ်ခြေတွေ၊ လယ်စိုက်ခင်းတွေ ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါတစ်နှစ် တည်းမဟုတ်ပါဘူး။နှစ်စဉ်ဖြစ်ပွား နေရတာပါ။

သဘာဝဘေးအန္တရာယ်ဆိုတာ ဖြစ်ပါလို့လည်း အတင်းဖြစ်ခိုင်းလို့ မရသလိုမဖြစ်ပါနဲ့လို့လည်းတောင်း ပန်လို့မရပါဘူး။ ရေကြီးမှုဘေး အန္တရာယ်လည်း ဒီလိုပါပဲ။သူဖြစ် ရမယ့်အချိန်ဆိုရင်ဖြစ်ပွားတာပါပဲ။ ဒါကို ကျွန်တော်တို့ကမဖြစ်အောင် တားဆီးကာကွယ်လို့မရပေမယ့်ဘေး အန္တရာယ်ကနေလျော့ပါးသက်သာ အောင် ကြိုတင်ကာကွယ်လို့တော့ ရပါတယ်။အဲဒီလိုရေကြီးမှု ဘေး အန္တရာယ်ကိုလျော့ပါးသက်သာအောင် ဆောင်ရွက်တဲ့နေရာမှာ အစိုးရ ချည်းပဲ လုပ်လို့မရပါဘူး။ ပြည်သူ တစ်ရပ်လုံးကပါ ပါဝင်ပြီး အချိတ် အဆက်မိမိ ဆွေးနွေးညှိနှိုင်းဆောင် ရွက်ကြဖို့လိုပါတယ်။ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေကို ဘယ်သူ့ဘယ်သူမှာ တာဝန်ရှိတယ်လို့ပြောနေမယ့်အစား မှားခဲ့တာတွေ နောက်ထပ်မမှား အောင် လုပ်ဆောင်ရမှာဖြစ်သလို မှားနေတဲ့အထဲက မှန်အောင် ပြင်လို့ရတာတွေကိုလည်း ပြုပြင်ရ မယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ လည်း သက်ဆိုင်ရာအစိုးရဌာန အသီးသီးနဲ့ ပြည်သူတွေနားလည်မှု ရှိရှိနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ရေကြီးမှုကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ရေလွှမ်းမိုးမှုသဘာဝဘေးအပါ အဝင် အခြားသဘာဝဘေးတွေ မဖြစ်ပွားဖို့၊ တားဆီးဖို့ ဘယ်သူမှ မစွမ်းဆောင်နိုင်ပေမယ့် မှန်ကန်တဲ့ ဘေးအန္တရာယ်လျှော့ချရေးအစီအမံ တွေကိုကြိုတင်စီမံဆောင်ရွက်ထား မယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုတွေကို သိသိသာသာလျှော့ချနိုင်ပါလိမ့် မယ်လို့ပြောခဲ့ဖူးပါတယ်။ ဟုတ်ပါ တယ်။ သဘာဝဘေးကြိုတင်ကာ ကွယ်ရေးဆိုတာ ပါးစပ်ကပြောလို့ လွယ်သလောက် လက်တွေ့လုပ် တဲ့အခါ ဘက်ပေါင်းစုံကဟန်ချက် ညီညီဆောင်ရွက်ကြဖို့လိုပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ နှစ်စဉ် ရေကြီးရေလျှံပြီး ဆုံးရှုံးမှုတွေကြုံ တွေ့နေရပါတယ်။ ရေကြီးမယ်မှန်း သိလျက်နဲ့လည်း ရေကြီးတိုင်း ဆုံးရှုံးမှုက ကြုံတွေ့နေမြဲပါပဲ။ ဒါ ကြောင့် သဘာဝဘေးကြိုတင်ကာ ကွယ်မှုတွေကအပြောပဲရှိပြီး လက် တွေ့ပိုင်းဆောင်ရွက်မှု မရှိတာ သိသာလွန်းပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအပါအဝင်အားလုံး အပြောတွေလျှော့ပြီး လက်တွေ့ ကျတဲ့ဆောင်ရွက်မှုတွေနဲ့ သဘာဝ ဘေးကိုအနိုင်ယူကြပါလို့ ပြောချင် ပါတယ်။ ဒီနှစ်က ခါတိုင်းနှစ် တွေနဲ့မတူဘဲ ရေကြီးမှုပိုလာနိုင်တဲ့ အလားအလာရှိနေပါတယ်။ ဒီ အတွက် သက်ဆိုင်ရာဌာနအသီးသီး က သတင်းတွေကိုအဆက်မပြတ် ထုတ်လွှင့်ပေးခြင်း၊ ကြိုတင်ကာ ကွယ်တားဆီးရေး၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး အစီအမံကောင်း တွေကို စနစ်တကျစီမံဆောင်ရွက် ထားခြင်း၊ ပြည်သူလူထုအနေဖြင့် လည်း ဌာနဆိုင်ရာတွေရဲ့ထုတ်ပြန် ချက်တွေ၊ လမ်းညွှန်ချက်တွေကို လိုက်နာပြီးအမြဲတမ်းမျက်စိဖွင့်၊နား စွင့်ကာ သဘာဝဘေးကိုရင်ဆိုင် ဖို့ပြင်ဆင်ထားပြီး ဒီနှစ်မိုးရာသီမှာ ကြုံတွေ့ရမယ့် ရေကြီးမှုသဘာဝ ဘေးကို အသာစီးကရင်ဆိုင်ကြပါ စို့လို့ တိုက်တွန်းလိုက်ရပါတယ်။

မင်းချစ်နိုင်

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


မိုးရာသီရောက်တိုင်း ရေဘေးသင့် နေရတဲ့ မြန်မာပြည်  မိုးရာသီရောက်တိုင်း ရေဘေးသင့် နေရတဲ့ မြန်မာပြည် Reviewed by သစ်ထူးလွင် on 16:54 Rating: 5
Powered by Blogger.