ယခုနှစ်ခုနစ်လအတွင်း လူကုန်ကူးမှုပေါင်း၆ဝ ဖြစ်ပွား၊ ကျူးလွန်သူ ၁၂ဝ ဖမ်းဆီးနိုင်ခဲ့

 နေပြည်တော် သြဂုတ် ၆

 မြန်မာ တစ်နိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ခုနစ်လ အတွင်း လူကုန်ကူးမှု စုစုပေါင်း ၆ဝ ဖြစ်ပွားခဲ့ပြီး တရားခံ စုစုပေါင်း ၁၂ဝ ဖမ်းဆီးရမိခဲ့ကြောင်း လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)၏ ထုတ်ပြန်ချက် စာရင်းများ အရသိရသည်။

အဆိုပါ လူကုန်ကူးမှုများတွင် ရှမ်းပြည်နယ်၌ ၂၄ မှုဖြစ်ပွားခဲ့ သဖြင့် အများဆုံးဖြစ်ပွားသော ဒေသအဖြစ်မှတ်တမ်းတင်ခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့နှင့်မန္တလေး မြို့တို့၌ တစ်မြို့လျှင် ရှစ်မှုအထိ ဖြစ်ပွားခဲ့ကာ လူကုန်ကူးမှုဒုတိယ အများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ် တွင်ငါးမှုဖြစ်ပွားခဲ့သဖြင့် တတိယ အများဆုံးဖြစ်သောဒေသဖြစ်ကြောင်း မှတ်တမ်းများတွင်တွေ့ရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လေးမှုစီဖြစ်ပွားခဲ့သဖြင့် စတုတ္ထ အများဆုံးဖြစ်ပွားသော ဒေသများ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ ကယားပြည်နယ်နှင့်စစ်ကိုင်း တိုင်းဒေသကြီးတို့တွင်လူကုန်ကူးမှု ယခုနှစ် ခုနစ်လအတွင်း မဖြစ်ပွား ခဲ့ကြောင်းသိရသည်။

''ဒီနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုတွေမှာ တရားခံစုစု ပေါင်း၁၂ဝကိုဖမ်းဆီးရမိခဲ့ပါတယ်။ ကျား၅၇ဦးနဲ့ မ ၆၃ဦးဖြစ်ပါတယ်။ တရားခံပြေးကတော့စုစုပေါင်း ၅၃ ဦးရှိပါတယ်။ ကျား ၁၆ဦး၊ မ၃၇ ဦးပါ''ဟု ဗဟိုလူကုန်ကူးမှု တား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတာဝန်ရှိ ရဲမှူးတစ်ဦးကပြောသည်။

အဆိုပါလူကုန်ကူးမှုများကြောင့် လူကုန်ကူးခံရသူစုစုပေါင်း ၉၄ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး လူဦးရေ ၄ဝကိုကယ်တင်၍မရသေးကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ခုနစ်လအတွင်း လူကုန်ကူးခံရသူများမှာ တရုတ် နိုင်ငံသို့ဦးတည်ကာလူကုန်ကူးခံရ သူအများဆုံးပါဝင်ပြီး အဓမ္မလက် ထပ်မှုမှာ အများဆုံးဖြစ်ပွားခဲ့သော အမှုမျိုးဖြစ်ကြောင်းသိရသည်။

၂ဝ၁၃ခုနှစ်ကမြန်မာတစ်နိုင်ငံ လုံး၌ လူကုန်ကူးမှုပေါင်း ၁ဝ၂မှု ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသို့ ဦး တည်သောအမှု ၆ဝ၊ ထိုင်းနိုင်ငံသို့ ဦးတည်သောအမှု ၂ဝ၊ပြည်တွင်း၌ ဖြစ်ပွားမှု ၂၂မှုရှိခဲ့ကာ အဓမ္မလက် ထပ်ထိမ်းမြားမှုမှာ အများဆုံးဖြစ် ပွားခဲ့သည်ဟုလူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို)၏နှစ်ချုပ် စာရင်းများအရသိရသည်။

တင်တင်အေး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


ယခုနှစ်ခုနစ်လအတွင်း လူကုန်ကူးမှုပေါင်း၆ဝ ဖြစ်ပွား၊ ကျူးလွန်သူ ၁၂ဝ ဖမ်းဆီးနိုင်ခဲ့   ယခုနှစ်ခုနစ်လအတွင်း လူကုန်ကူးမှုပေါင်း၆ဝ ဖြစ်ပွား၊ ကျူးလွန်သူ ၁၂ဝ ဖမ်းဆီးနိုင်ခဲ့ Reviewed by သစ်ထူးလွင် on 11:17 Rating: 5
Powered by Blogger.