ထိုင်ဝမ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ သေဆုံးသူ ၂၄ ဦး ရှိပြီ

 ထိုင်ဝမ် ဂေါင်ရှောင်းမြို့မှာ မနေ့ညက ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုတွေ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီး လက် ရှိအချိန်အထိ သေဆုံးသူ ၂၄ ဦး ရှိ သွားပြီ ဖြစ်ပါတယ်။

နောက်ထပ် ပေါက်ကွဲ မှုတွေ ဖြစ်နိုင် သေးတာကြောင့် ဓာတ်ငွေ့ ယိုစိမ့်နိုင်တဲ့ နေရာတွေကို ဒီနေ့အထိ လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပြီး ပေါက်ကွဲမှု အတွင်း ပိတ်မိ နေသူတွေကိုလည်း လိုက်လံ ရှာဖွေနေကြပါတယ်။

လူ ၁၀၀၀ ကျော် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် လုပ်ကိုင်နေကြပါတယ်။ ဒဏ်ရာ ရသူ အနည်းဆုံး ၂၇၁ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

၃ ကီလိုမီတာပတ်လည် အကျယ်အ၀န်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ည ၉ နာရီလောက်မှာ ဓာတ်ငွေ့ယိုစိမ့်မှု အကြောင်းကြားမှုတွေ ရှိခဲ့ပြီး မကြာခင်မှာပဲ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်နေစဉ်မှာလည်း ထပ်ဆင့်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့လို့ မီးသတ်ကားအများအပြားလည်း ပေါက်ကွဲမှု မြောင်းကြီးထဲ ကျရောက်ပျက်စီးကုန်ပြီး မီးသတ်တပ်ဖွဲ့ဝင်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်းနေဆဲ ဖြစ်ပြီး ဒီဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြီးဟာ ထိုင်ဝမ်မှာ ၁၀ စုနှစ်တွေအတွင်း အဆိုးဆုံး ပေါက်ကွဲမှုကြီး ဖြစ်တယ်လို့ ဂေါင်ရှောင်းမြို့တော်ဝန် ချန်ချူ(Chen Chu) က ပြောဆိုပါတယ်။

ထိုင်ဝမ်ခေါင်းဆောင်တွေလည်း အရေးပေါ်ကယ်ဆယ်ရေးဌာနတွေ ဖွင့်ပြီး အနီးကပ်ညွှန်ကြားမှုတွေ ပေးနေတယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61439


ထိုင်ဝမ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ သေဆုံးသူ ၂၄ ဦး ရှိပြီ  ထိုင်ဝမ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ သေဆုံးသူ ၂၄ ဦး ရှိပြီ Reviewed by သစ်ထူးလွင် on 15:17 Rating: 5
Powered by Blogger.