ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး

 ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆိုတဲ့နေရာကို ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေးဝါး ရောင်းချသူ ၅ ဦးကို ဘိန်းဖြူ၊ ယာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

မနေ့က သွားရောက်ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချိုသန်းက အခုလိုပြောပါတယ်။

"ကျနော်တို့ အဖွဲ့ပေါင်းစုံမှာ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းနဲ့ တပ်မ ၆၆ ရဲ့လူအင်အား အဖွဲ့နဲ့နောက် စစ်စခန်း၊ ရဲ၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ အဲ့လိုအူးပေါင်းပြီးမှ အဲ့လို ဖမ်းလိုက်တာပါ၊ ရောင်းတဲ့ ၅ ယောက်တော့ဖမ်းသွားတယ်၊ ယူတဲ့လူတွေကိုတော့ ခံဝန်ချုပ် နဲ့ ပြန်လွှတ်ပေးလိုက်တယ်၊ ပင်နီဆီလင်ပုလင်းနဲ့ ထည့်ထားတဲ့ဟာပေါ့လေ ၁၉၀ မိတယ် ဘိန်းဖြူ၊ ဆေးပြားက ၅၀၀ ကျော်မိတယ်ဗျ၊ ယာမ ၄၆ သိန်းကျော်မိတယ် ငွေကြေးနဲ့ ဖမ်းမိ တာကိုတော့ ရဲကတရားလိုလုပ်ပြီး အမှုစွဲတင်ပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကချင်ပြည်နယ်မူးယစ်အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါးအမှု ၇၁ မှု ဖမ်း ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့က တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဟိုပင်မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ပစ် ခတ်ဖမ်းဆီးရာ ဆေးသမား တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ဒုတိယအများဆုံးပြည် နယ် ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး   ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 10:06 Rating: 5
Powered by Blogger.