မိုးခိုနေစဉ် မိုးကြိုးထိမှန်၍ ကျောင်းသား(၂)ဦးသေဆုံး

နေပြည်တော်၊ သြဂုတ် ၃၀

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်တွင် ကျောင်းသား ၂ ဦး မိုးကြိုးထိမှန်သေဆုံးကြောင်း သတင်းအရ ရပ်စောက်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ၎င်းရပ်ကွက်နေ သက်လွင်ဦး(၁၁)နှစ်ပါ(၅)ဦးတို့သည် ကျောင်းဆင်းပြီး နေအိမ်သို့ပြန်လာစဉ် မိုးရွာသဖြင့် တပ်ရဲဂိတ်ရှေ့အမိုးအောက်၌ သက်လွင်ဦးနှင့် တစ်ရပ်တည်းနေ မင်းအုပ်စိုး(၁၃)နှစ်တို့ ၂ ဦးမှာ မတ်တပ်ရပ်ပြီး ကျန်(၃)ဦးမှာ ထိုင်လျက် မိုးခိုနေစဉ် မိုးကြိုးပစ်၍ထိမှန်ရာ သက်လွင်ဦးတွင် ဦးခေါင်း ငယ်ထိပ်ဆံပင်မွှေးမီးလောင်၊ ယာပုခုံးမီးလောင်ဒဏ်ရာနှင့် မင်းအုပ်စိုး၌ မျက်ကွင်းနှစ်ဖက်ညိုမဲဒဏ်ရာများရရှိ သေဆုံးသွားကြောင်း သိရှိရသဖြင့် ရပ်စောက်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf


မိုးခိုနေစဉ် မိုးကြိုးထိမှန်၍ ကျောင်းသား(၂)ဦးသေဆုံး မိုးခိုနေစဉ် မိုးကြိုးထိမှန်၍ ကျောင်းသား(၂)ဦးသေဆုံး Reviewed by သစ်ထူးလွင် on 20:57 Rating: 5
Powered by Blogger.