ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု အဖွဲ့ခေါင်းဆောင်ပြော

ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေတွေ့ ရှိပြီလို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီဗွီဘီကို ပြောပါတယ်။

အခု တွေ့ရှိ တဲ့ခေါင်းလောင်းဟာ ရန်ကုန်မြစ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော် က ပျောက်ဆုံးနေ တဲ့ ကြေးပိဿာ ၁ သိန်း ၈ သောင်းကျော်ရှိတဲ့  ခေါင်းလောင်း လားဆိုတာ အမေးကိုတော့ ကုန်းပေါ်ရောက်မှ အဖြေပေါ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ခေါင်းလောင်းကို ရှာဖွေနေတဲ့ မြစ် ၃ စင်းဆုံတဲ့အနီးမှာ တွေ့ရှိခဲ့တာဖြစ်သလို ကြိုးချည်ပြီး အပေါ် တင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ အသေးစိတ်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၉ ရက်နေ့ကနေ စတင် ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို  လူအများ စိတ်ဝင်စားခဲ့ကြပြီး သတင်းစာနဲ့ ဂျာနယ်တွေက ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းတွေကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63390


ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု အဖွဲ့ခေါင်းဆောင်ပြော ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု အဖွဲ့ခေါင်းဆောင်ပြော Reviewed by သစ်ထူးလွင် on 16:37 Rating: 5
Powered by Blogger.