အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမငယ် တစ်ဦးအား ကယ်ထုတ်

၂၀၁၄ ခု သြဂုတ်လ ၂၅

ဘန်ကောက်မြို့အနီး နကပထုန် အရပ်တွင် ရှိသော မွေးမြူရေး လုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာ အမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်း အဖွဲ့များက ကယ်တင် နိုင်ခဲ့သည်။

အသက်၁၉ နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ် အလုပ်ကို လုပ်နေခဲ့သည်။ သူမအား အိမ်ရှင်ထိုင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်သလို အလုပ်သွင်း ပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ ဓါးထောက်၍ အဓမ္မပြု ကျင့်ခဲ့သည် ဟုဆိုသည်။

ပြီးခဲ့သည့် ၂ရက်က သူမအား လုပ်ငန်းရှင်က အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့ရာ လူမှုရေး စိတ်ဓါတ်ရှိ သည့် အလုပ်သမား တစ်ဦးက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့ အကူညီ တောင်းခံခဲ့သည်။

MAT အဖွဲ့ကလည်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFED နှင့်အလျှင်အမြန်ညှိနှိုင်းပြီး ဒေသခံ  ရဲကားသုံးစီးဖြင့် ချက်ခြင်း သွားရောက်ခေါ်ထုတ်နိုင်ခဲ့သည်။

 MAT ရုံးတွင် ၂ရက်တိုင်တိုင် ကျွေးမွေး စောင့်ရှောက်ထားပြီး ယနေ့နံ နက်တွင် အလုပ်သမား သံအရာရှိရုံးသို့ သွားရောက်အပ်နှံခဲ့ရာ ၎င်းကလမ်း စရိတ်ထောက်ပံ့၍ မဟာချိုင်မှ လူမှုကူညီသည့် အမျိုးသမီး တစ်ဦးထံသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“အိမ်ဖေါ်အလုပ်လုပ်ရတဲ့ အမျိုးသမီးငယ်တစ်ဦးအတွက် ဘ၀လုံ လုံခြုံမှုမရှိဘူး။ နားရက်လည်းမရှိဘူး။  အိမ်ရှင်ခိုင်းသလောက် လုပ်ရတယ်။  အိမ်ရှင်ရိုက်ရင်လည်းခံရတယ်။ အဖေရော သားပါ အကြိမ်ကြိမ် အဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရှိလာတော့ ရွာပြန်ပို့ပြီး ကလေးမွေးရတဲ့သူတွေလည်း ထိုင်းမှာရှိခဲဖူးတယ်။ အိမ်ရှင်ပစ် သတ်လို့သေသွားတဲ့ အိမ်ဖေါ်မလေးတွေလည်း ရှိပါတယ်။ ကျနော်တို့  က သိတာလောက်ပဲ ကူညီနိုင်တာပါ”ဟု ပြောသည်။

MAT အဖွဲ့သည် FED နှင့်အတူ ၂၀၁၄ ခုနှစ်သြဂုတ်လ အထိလူကုန်ကူးမှုပေါင်း၂၇ကြိမ်နှိမ်နင်းခဲ့ရာတွင် မြန်မာအလုပ်သမားပေါင်း ၁၁၈  ဦးအားကယ်ထုတ်နိုင်ခဲ့သည်။ တပြိုင်တည်းတွင် လူကုန်ကူး ဂိုဏ်းသားပေါင်း ၁၀ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ MAT အဖွဲ့သည် ၂၀၁၁ခုနှစ်တွင် လူကုန်ကူး ခံခဲ့ရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ် တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပါသည်။

ကိုတီး
Golden Worker
http://www.goldenworkers.asia/2014/08/blog-post_39.html


အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမငယ် တစ်ဦးအား ကယ်ထုတ် အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမငယ် တစ်ဦးအား ကယ်ထုတ် Reviewed by သစ်ထူးလွင် on 03:16 Rating: 5
Powered by Blogger.