မောင်တော မြို့နယ်တွင် ငါးဖမ်း စက်လှေပေါ်မှ တန်ဖိုးငွေ ကျပ်သိန်း ၅၈၀၀ ခန့်ရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၀၀၀၀ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ

 နေပြည်တော် သြဂုတ် ၆

 ဩဂုတ် ၄ ရက် နံနက် ၇ နာရီက မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအုပ်စု ဗျူဟာကုန်း ကျေးရွာ အနောက်ဘက် ပင်လယ် ကမ်းခြေတွင် စက်လှေတစ်စင်း စက်ချွတ်ယွင်းပြီး သောင်တင်နေကြောင်း သတင်းအရ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအလံ လွှင့်ထူထားသည့် ငါးဖမ်းစက်လှေ၏ ဝမ်းဗိုက်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၀၀၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၅၈၀၀ အလေးချိန် ၃၉၀ ဂရမ်၊ တန်ဖိုးငွေကျပ် ၇၈ သိန်း နန်းတော် တံဆိပ် အရက်ပုလင်း ပါကင် ၈၀ နှင့် ဒိုင်ယာဘလိုတံဆိပ် ဘီယာဘူး ၁၀၈၀ ဘူးတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေပေါ်မှ စိတ်ကြွ ရူးသွပ် ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားရှိပြီး နန်းတော် တံဆိပ်ပါ အရက်နှင့် ဒိုင်ယာဘလို တံဆိပ်ပါ ဘီယာဘူးများအား မောင်တောမြို့ အကောက်ခွန် ဦးစီးဌာနသို့ ဆက်လက် လွှဲပြောင်း အရေးယူ ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိကြောင်းနှင့် ပိုင်ရှင်ကို ဖမ်းဆီး ရမိရေးအတွက် စုံစမ်းဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဓါတ်ပုံ - အင်တာနက် 

မောင်တော မြို့နယ်တွင် ငါးဖမ်း စက်လှေပေါ်မှ တန်ဖိုးငွေ ကျပ်သိန်း ၅၈၀၀ ခန့်ရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၀၀၀၀ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ   မောင်တော မြို့နယ်တွင် ငါးဖမ်း စက်လှေပေါ်မှ တန်ဖိုးငွေ ကျပ်သိန်း ၅၈၀၀ ခန့်ရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၀၀၀၀ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ Reviewed by သစ်ထူးလွင် on 10:04 Rating: 5
Powered by Blogger.