မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးနှင့် ညောင်လေးပင် အနိမ့်ပို်င်းရှိ ရပ်ကွက်များရေလွှမ်းမိုး

 ပဲခူး ဩဂုတ် ၁

 ဇူလိုင် ၃၁ ရက်မွန်းလွဲပိုင်းမှစတင်ကာ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ညောင်လေး ပင်မြို့နယ် ပိန်းဇလုပ်ကျေးရွာအုပ်စု ရပ်ကွက်များ ဖြစ်ကြ သော အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အောင်မင်္ဂလာ၊ ရွှေပေါက္ကံ၊ ပိတောက်ရွှေဝါ စသည့်ရပ်ကွက်များ၏ အနိမ့်ပိုင်းနှင့် ကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော အုန်းနှဲသာချောင်းရေလျှံ၍ ချောင်းအနီးရှိလူ နေရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက် ရှိသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်သော ပိန်းဇလုပ် ကျေးရွာအုပ်စုအတွင်း လယ်ယာမြေ ၅၇၅ ဧကနှင့် လူနေအိမ်ခြေ ၁၀၈၅ အိမ်ခန့် ရေဝင်ရောက်ခဲ့ပြီး လူနှင့် တိရစ္ဆာန်၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးနှင့် ညောင်လေးပင် အနိမ့်ပို်င်းရှိ ရပ်ကွက်များရေလွှမ်းမိုး   မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးနှင့် ညောင်လေးပင် အနိမ့်ပို်င်းရှိ ရပ်ကွက်များရေလွှမ်းမိုး Reviewed by သစ်ထူးလွင် on 07:24 Rating: 5
Powered by Blogger.