ဓမ္မစေတီ ခေါင်းလောင်း တော် ကြီး ရှာ ဖွေ တွေ့ရှိပြီး မကြာမီ ဆယ်ယူနိုင် တော့မည်ဟု သိရှိရ

ဓမ္မစေတီ ခေါင်းလောင်း တော်ကြီးအား ယနေ့သည် ရေထဲမှ ကုန်းပေါ်သို့ အရောက် ဆယ်ယူ ပေးသွား မည့် နေ့ ဖြစ်ကြောင်း ခေါင်းလောင်း ဆယ်ယူရေး ခေါင်းဆောင် သုဓမ္မ မဏိဇောတ ဓရ ဦးစံလင်း၏ ပြောကြား ချက် အရ ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာ အေးရှားဘိုးလင်း ရုံဝင်း အနောက်ကမ်း နား ဆိပ်တွင် စိတ်ဝင်တစား လာရောက် ကြည့်ရှု လေ့လာသူ ဦးရေသောင်း နှင့်ချီများပြားခဲ့သည်။

ထိုနေ့တွင် နံနက် ၆နာရီမှ မွန်းတည့် ၁၂နာရီအထိ သောင်တူးစက်ဖြင့် တူးဖော်ကာ နုန်းများ ဆယ်တင်လျက် ရှိကြောင်း၊ မွန်းလွဲ ၁နာရီမှ စတင်၍ ဆလုံ ရေငုပ် သမားများမှ ခေါင်းလောင်းကြီး တည်ရှိရာ နေရာသို့ ရေငုပ်ရှာဖွေမှုများကို ညနေ၃နာရီ အထိ ဆောင်ရွက်ခဲ့ကြကြောင်း လေ့လာသူများ၏ ပြောကြားချက်အရ သိရ သည်။

''ကျွန်တော်ကိုယ်တိုင် ရေငုပ်ရှာဖွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ နှစ်ပတ်အတွင်း ရေထဲကနေ ကုန်းပေါ်ကို အရောက်ဆယ်ယူ ပေးသွား မယ်လို့ သတင်းမီဒီယာ ရှင်းလင်း ပွဲမှာ အတည်ပြု ပြောကြားခဲ့ဖူး ပါတယ်။ ဒါပေမဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ရှာဖွေ တာ ဖြစ်တဲ့အတွက် လောကီ လောကုတ္တရာ အကျိုးအကြောင်းတွေ ကလည်း များစွာ ရှိနေပါတယ် ''ဟု ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ ခေါင်းဆောင် ဦးစံလင်း၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ခေါင်းလောင်းကြီးအား သြဂုတ် ၁၁ရက်တွင် ရေအောက် ၂၇ပေ၊ မြေကြီး အောက် ၂၅ပေ ပေါင်း ၅၂ပေတွင် တွေ့ရှိပြီး ဖြစ်ကြောင်း ခေါင်းလောင်းကြီးပေါ်တွင် နစ်မြုပ် လျက်ရှိသော ပေ ၁၁ဝအရှည်ရှိ ဂျပန် ခေတ်တွင် နစ်မြုပ်ခဲ့သည့် သံသင်္ဘောကို ဖယ်ရှားပြီးမှ ရေထရက် ရေစီး အသန်ဆုံး ရေအကြမ်းဆုံး အချိန်ကို ရွေးချယ် ကာ ဆယ်ယူနိုင်မည် ဖြစ်ကြောင်း ခေါင်းလောင်းဆယ် ယူရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုခေါင်းလောင်းသည် လွန်ခဲ့သောနှစ် ပေါင်း ၅ဝဝကျော်၏ ကမ္ဘာပေါ်တွင် သံမပေါ်သေးသည့် အချိန်ခန့်က ရွှေ၊ ငွေ၊ ကြေး၊ ဘော် သတ္တုလေးမျိုး ထည့်သွင်းကာ သွန်း လောင်း ထားခြင်းဖြစ်သည်။ နှစ်ပေါင်း ၄ဝဝကျော် ရေနစ်မြုပ်လျက် ရှိခဲ့ခြင်းနှင့် ထိုသတ္တုလေးမျိုး ဓာတ်ပြုမှုများသည် ခေါင်းလောင်းတော်ကြီး တစ်ခုလုံး ဖုံးအုပ်လျက် ရှိပြီး ခေါင်းလောင်းတော်ကြီး၏ ကွင်း (ပုဇွန်တုပ်ကွေး)သည် လက်ရှိတွင် မရှိတော့ခြင်း တို့ကြောင့် ကြိုးချည်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း သိရသည်။ သို့ရာတွင် ခေါင်းလောင်းကြီးအား Buffer စနစ်ဖြင့် Buoyancy ပြုလုပ်ပြီး ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ထိုခေါင်းလောင်း ဆယ်ယူရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ
https://www.facebook.com/mwdmedia


ဓမ္မစေတီ ခေါင်းလောင်း တော် ကြီး ရှာ ဖွေ တွေ့ရှိပြီး မကြာမီ ဆယ်ယူနိုင် တော့မည်ဟု သိရှိရ ဓမ္မစေတီ ခေါင်းလောင်း တော် ကြီး ရှာ ဖွေ တွေ့ရှိပြီး မကြာမီ ဆယ်ယူနိုင် တော့မည်ဟု သိရှိရ Reviewed by သစ်ထူးလွင် on 21:24 Rating: 5
Powered by Blogger.