လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ သြဂုတ် ၃၁

၃၀.၈.၂၀၁၄ရက်နေ့ ၁၆၃၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း အတိုင်း (၂)ဈေးဘက်မှ မရမ်းကုန်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် 4B---မထသ (၃၂)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် (၅)လမ်းမှတ်တိုင်အလွန်အရောက် လမ်းဖြတ်ကူးသူ မြောက်ဥက္ကလာပမြို့နယ်နေ မသူဇာလင်း (၂၃)နှစ်ကို တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မသူဇာလင်းမှာ ယာချိုစောင်းစုတ်ပြဲ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်၊ ယာပါးပွန်းပဲ့၊ နှာခေါင်းနှင့်ဝဲ/ယာနားသွေးထွက်ဒဏ်ရာများရရှိခဲ့၍ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်းအား မြောက်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၅၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 11:14 Rating: 5
Powered by Blogger.