မိခင်အလောင်း တွေ့ရှိမှုနဲ့ သမီးဖြစ်သူ အဖမ်းခံရ

 အင်ဒိုနီးရှားနိုင်ငံ ​ဘာလီကျွန်းက ​အထူးဈေးကြီးတဲ့ ​ဟိုတယ်တစ်ခုမှာ ​ခရီးဆောင်လက်ဆွဲ ​သေတ္တာထဲမှာ ​ထုနှက်ရိုက်ချိုးပြီးထည့်ထားတဲ့ ​အမေရိကန်နိုင်ငံသူ ​ကမ္ဘာလှည့် ​ခရီးသည်တစ်ဦးရဲ့ ​အလောင်းကို ​တွေ့ရှိခဲ့တယ်လို့ ​ရဲတွေက ​ပြောပါတယ်။

ဒီအလောင်း ​တွေ့ရှိမှုနဲ့ ​ပတ်သက်ပြီး ​သေဆုံးသွားတဲ့ ​အမျိုးသမီးရဲ့ ​သမီးနဲ့ ​သူမသမီးရဲ့ ​ရည်းစားတို့ကို ​ရဲတွေက ​ဖမ်းဆီး ​လိုက်တယ်လို့ ​ဆိုပါတယ်။

ခရီးဆောင်လက်ဆွဲ ​သေတ္တာထဲမှာ ​ထည့်ထားတဲ့ ​အသက် ​၆၂နှစ်အရွယ် ​အမျိုးသမီးရဲ့ ​အလောင်းကို ​ဘာလီကျွန်းက ​five-star ​အဆင့်ရှိ ​St ​Regis ​ဟိုတယ်ရှေ့က ​တက္ကစီပေါ်ကို ​တင်ဖို့ ​ကြိုးစားနေချိန်မှာ ​တွေ့ခဲ့တာ ​ဖြစ်ပါတယ်။

အဆိုပါ ​အမျိုးသမီး ​အလောင်းရဲ့ ​တ၀က်ဟာ ​အ၀တ်အစား ​မပါပဲ ​ခေါင်းတွေမှာ ​အကြိမ်ပေါင်း ​များစွာ ​ထိခိုက်ဒဏ်ရာတွေရှိနေတဲ့အတွက် ​သူမ ​မသေခင်မှာ ​အတော်လေး ​ရုန်းရင်း ​ဆန်ခတ် ​ဖြစ်ခဲ့မယ်လို့ ​ဆရာဝန်က ​ပြောပါတယ်။

အဲဒီအမျိုး ​သမီးဟာ ​အသက် ​၁၉နှစ်အရွယ် ​သမီးနဲ့ ​အသက် ​၂၁ ​အရွယ် ​သမီးရဲ့ရည်းစားတို့နဲ့အတူ ​အဲဒီဟိုတယ်မှာ ​တည်းခိုခဲ့ကြတာ ​ဖြစ်တယ်လို့ ​ရဲအရာရှိ ​Djoko ​Hari ​Utomo ​က ​သတင်းထောက် ​တွေကို ​ပြောပါတယ်။

ဂျာကာတာက ​အမေရိကန် ​သံရုံးက ​ဒီမှုနဲ့ ​ပတ်သက်ပြီးသိရှိထားကြောင်း ​ကြေညာချက် ​ထုတ်ပြန်ထား ​သလို ​ရဲတွေကလည်း ​ဒီအမှုကို ​လူသတ်မှုအဖြစ် ​စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-14/1356580

အလောင်းထည့်ထားတဲ့ ခရီးဆောင်လက်ဆွဲသတ္တော (Credit: AFP) 

မိခင်အလောင်း တွေ့ရှိမှုနဲ့ သမီးဖြစ်သူ အဖမ်းခံရ  မိခင်အလောင်း တွေ့ရှိမှုနဲ့ သမီးဖြစ်သူ အဖမ်းခံရ Reviewed by သစ်ထူးလွင် on 08:46 Rating: 5
Powered by Blogger.