အမျိုးသမီးတစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ကာ လူငါးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်မှု

 ထင်းခွေနေသည့် အမျိုးသမီးတစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ကာ လူငါးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်မှု အပါအ၀င် ဟုမ္မလင်းမြို့နယ်၌ ၂၄ နာရီအတွင်း အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်မှု နှစ်မှုဆက် တိုက်ဖြစ်ပွား


ဟုမ္မလင်း၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းကျေးရွာအုပ်စု၊ နောင်မိုးကျေးရွာအပိုင်း၊ သပြေကုန်း ဦးပုံလယ်တောတိုက်အနီးတွင် ထင်းခွေနေသည့် အမျိုးသမီးတစ်ဦးအား တုတ်ဖြင့်ရိုက်နှက် ကာ လူငါးဦးက အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့မှုကြောင့် ဇူလိုင် ၂၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် မိုင်းကိုင်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူခဲ့ ကြောင်း သိရသည်။

အသက်(၂၇)နှစ်အရွယ် မ….ဆိုသူသည် လယ်တောစောင့်နေစဉ် တဲအနီးရှိ တောထဲသို့ဝင်၍ ထင်းခွေခဲ့ရာ သူမ ခုတ်ဖြတ်ထားသော အလျားအရှည် တစ်တောင်ခန့်အရွယ်ရှိ ထင်းချောင်းဖြင့် သူမ၏ ဦးခေါင်းနောက် စေ့အား ရိုက်နှက်ခံရသဖြင့် ထိုနေရာတွင် သူမမှာ သတိလစ်မေ့မျှောသွားခဲ့သည်။

အချိန်အတော်ကြာခန့်အကြာတွင် သူမမှာ သတိပြန်လည်ရရှိလာခဲ့သည်။ ထိုအချိန်တွင် သူမ၏ ကိုယ်ခန္ဒာ ပေါ်တွင် ၀တ်ဆင်ထားသည့် လုံချည်နှင့် အောက်ခံဘောင်းဘီးတို့မှာ မရှိတော့ဘဲ သူမအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခံလိုက်ရကြောင်း သူမက သိရှိလိုက်ရခြင်းဖြစ်သည်။

ထိုသို့ မဖြစ်ပွားမီအချိန်က သူမတစ်ယောက်တည်း လယ်တောတဲစောင့်နေစဉ် အမည်မသိ လူငါးယောက် က တောတဲထဲသို့လာရောက်ကာ လူတစ်ဦးမှ ရေတောင်းသောက်ခဲ့သည်။

ရေတောင်းသောက်ခဲ့သည့်သူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ တံငါကျေးရွာနေ ကိုအောင်နိုင်ဦးဆိုသူဖြစ် ကြောင်း သူမ၏ လိုက်လံစုံးစမ်း၍ သိရှိချက်များအရ သူမက အမှုစစ်ရဲအရာရှိထံ ပြောပြ၍ အမှုအားတိုင် တန်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မိုင်းကိုင်းနယ်မြေရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၅/ ၂၀၁၄ (ပ)၇၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆/ ၃၂၅ အရ အမှုအားရေးဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါ ထင်းခွေနေသည့် အမျိုးသမီး တစ်ဦးအား တုတ်ဖြင့်ရိုက်ကာ လူငါးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်မှုအား မိုင်းကိုင်းနယ်မြေရဲစခန်းက အမှုရေးဖွင့်ခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဟုမ္မလင်းမြို့မရဲစခန်း၌လည်း အသက်(၁၃)နှစ်အရွယ် ခရီးသွားအမျိုးသမီးတစ်ဦးအား အသက်(၃၀)အရွယ် ရေယာဉ်ဂိတ်မှူးဖြစ်သူ အမျိုး သားတစ်ဦးက အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှုနှင့်ပတ်သက်၍ အမှု ဖွင့်အရေးယူခဲ့ရသေးကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာ၊ ဇကောဇကာရပ်ကွက်နေ၊ အသက်(၁၃)အရွယ် မ…ဆိုသူသည် ခရီးသွားလာရန်အတွက် အမြန်ရေယာဉ်လက်မှတ်အား လက်မှတ်အရောင်းဌာနမှ ၀ယ်ယူခဲ့သည်။ ရေ ယာဉ်ဂိတ်မှူးဖြစ်သူ အသက်(၃၀)နှစ်အရွယ် ဦးထိန်လင်းအောင်(ခ)သားကြီး ဆိုသူက အမြန်ရေယာဉ်လက် မှတ်ဖြတ်ပြီး အမြန်ရေယာဉ်ပေါ်၌တည်းခိုအိပ်မည်ဆိုလျင် ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ကြောင်း ပြောခဲ့ သည်။

ထို့နောက် ရေယာဉ်ဂိတ်မှူးမှ အသက်(၁၃)နှစ်အရွယ် ခရီးသွား အမျိုးသမီးအား ဧည့်စာရင်းတိုင်ကြားရန်ဟု ဆိုကာ ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့သည်။ ရေယာဉ်ဂိတ်မှူးဆိုသူက ဧည့်စာရင်းတိုင်ကြားပေးပြီး နောက် ဘုရားဖူးဦးမည်ဟုဆိုကာ ကောင်မလေးအား ဆိုင်ကယ်ဖြင့် ဆက်လက်၍ တင်ဆောင်ခေါ်သွားခဲ့ ပြန်သည်။ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ ကုတင်(၁၀၀)ဆေးရုံ၏ တောင်ဘက်လမ်းကြားနေရာသို့ ရောက်သောအခါ ရေယာဉ်ဂိတ်မှူးက ဆိုင်ကယ်အား ရပ်တန့်ပြီး ခရီးသွားကောင်မလေးအား ပါးစပ်ပိတ်၍ လက်များချုပ်နှောင်ကာ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ရန်ကြံစည်ချိန်တွင် ခရီးသွားကောင် မလေးမှ ထိုသူလက်မှ အတင်းရုန်းကန်ပြီနောက် အနီးဝန်းကျင်ရှိ နေအိမ်တစ်အိမ်ထဲသို့ သူမမှ ၀င်ရောက် ကာ ဖြစ်စဉ်အကြောင်းစုံပြောပြ၍ အကူအညီတောင်ခံခဲ့ရသေးသည်ဟု သူမက အမှုစစ်ရဲအရာရှိထံ ပြေပြ ခဲ့ကြောင်း သိရသည်။

၎င်းအမှုနှင့်ပတ်သက်၍ ဟုမ္မလင်းမြို့မရဲစခန်းက(ပ)၁၀၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ မှုခင်းမှတ်တမ်း များရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း သိရရှိသည်။ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်၌ ၂၄ နာရီအတွင်း အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်မှု နှစ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

https://www.facebook.com/KoToeChinDween


အမျိုးသမီးတစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ကာ လူငါးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်မှု  အမျိုးသမီးတစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ကာ လူငါးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်မှု Reviewed by သစ်ထူးလွင် on 09:36 Rating: 5
Powered by Blogger.