၃ နှစ်အတွင်း ထီပေါက်ပြီး လာမထုတ်သည့်ငွေ ကျပ်ငွေ ၇ ဘီလီယံနီးပါးရှိ



Share/Bookmark
 ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း ထီပေါက် ပေမယ့် ဆုငွေ လာ မထုတ်တဲ့ ငွေကြေး ပမာဏ ၂ ဒဿ  မ ၇ ဘီလီယံ ရှိပြီး နိုင်ငံတော် အတွက် ဘဏ္ဍာငွေ အဖြစ် ရရှိခဲ့တယ်လို့ ဘဏ္ဍာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာ လင်းအောင်က ပြောပါတယ်။

ဇူလိုင် ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်း ပြောဆိုခဲ့ တာ ဖြစ်ပြီး ခုလို ဆုငွေ လာမထုတ်တဲ့ ငွေပမာ ဏဟာ ၃ နှစ်အတွင်း ကျပ်ငွေ ၇ ဘီလီယံအထိ ရှိခဲ့တယ်လို့ ရှင်းပြ ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဆုငွေ ထုတ်ပြန် ကြေညာပြီး ၁၁ လကြာသည်အထိ လာမထုတ်တဲ့ ထီပေါက်ဂဏန်းတွေကို သတင်းစာကနေ ကြေညာခေါ်ယူခဲ့တဲ့အကြောင်း၊ ကြေညာပေမယ့် လာရောက် မထုတ်ယူတာတွေကိုပဲ သိမ်းဆည်းတာ ဖြစ်ကြောင်း သူက ဆိုပါတယ်။

လာမယ့် သြဂုတ်လက စပြီး အောင်ဘာလေသိန်းဆုဌာနအနေနဲ့ ထီလက်မှတ် ဘယ်လောက် ထုတ်ဝေထားတယ်၊ ဆု ဘယ်လောက် ချီးမြှင့်မယ် ဆိုတာတွေကို အရင်ခေတ်က အတိုင်း အသေးစိတ် ပြန်ကြေညာပေးသွားမယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61221




Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ