ဓမ္မစေတီ ခေါင်းလောင်းကြီး သြဂုတ် ၉ ရက် စတင်တူးဖော်မည်

 မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် တခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်နေ့ စတင် တူးဖော်သွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အောကစ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တူးဖော်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ခေါင်းလောင်းကြီးကို မြေပုံ မောင်စံလင်း (ကော့သောင်း) က ဦးဆောင်တူးဖော်သွားမှာဖြစ်ပြီး ခန့်မှန်းချေ ကျပ် သိန်း ၁၈၀၀ ကျော် ကုန်ကျမယ်လို့ ဆိုပါတယ်။
ခေါင်းလောင်းတော်ကြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာ အတိအကျ ပြောကြားခြင်းမရှိပဲ သြဂုတ် ၉ ရက်နေ့ကနေ ၂၆ ရက်အထိ တူးဖော်သွားမှာ ဖြစ်ပြီး တူးဖော်ပြီး ၅ ရက်ကြာမှသာ ပြသသွားမယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no/archives/61012


ဓမ္မစေတီ ခေါင်းလောင်းကြီး သြဂုတ် ၉ ရက် စတင်တူးဖော်မည်  ဓမ္မစေတီ ခေါင်းလောင်းကြီး သြဂုတ် ၉ ရက် စတင်တူးဖော်မည် Reviewed by သစ်ထူးလွင် on 15:19 Rating: 5
Powered by Blogger.