မီဒီယာများနှင့် ပြည်သူများသို့ သစ်ထူးလွင်မှ အိတ်ဖွင့် ပေးစာ

 သစ်ထူးလွင် ဘလော့ဂ် မှ အများပြည်သူ လွယ်ကူစွာ လေ့လာဖတ်ရှု နိုင်အောင် သတင်း၊ ဆောင်းပါး၊ ရုပ်/သံ၊ ဓါတ်ပုံ နှင့် ဂျာနယ် ကဏ္ဍအစုံအလင်း ကို ပြည်တွင်း/ပြည်ပ မီဒီယာများမှ ကောက်နှုတ်ဖော်ပြ ပေးနေပါသည်။

မီဒီယာများမှ မိမိတို့ ၏ ထုတ်လုပ်မှု စွမ်းရည်ကို အင်တာနက် ပေါ်ကနေ တဆင့် အများပြည်သူ ကျယ်ကျယ်ပြန့် ပြန့် သိရှိအောင် ဖြန့် ဝေမှုများလည်း ရှိပါသည်။

အများပြည်သူကို ဖြန့် ဝေတာ မဟုတ်တဲ့ မီဒီယာများ အနေနဲ့ မိမိတို့ သတင်းများကို သစ်ထူးလွင် ဘလော့ဂ်မှာ ကူးယူဖော်ပြတာကို ကန့် ကွက်လိုပါက thithtoolwin9@gmail.com ကို စာရေးသားပေးပို့  ကန့် ကွက်နိုင်ပါသည်။

တားမြစ်ကန့် ကွက်လာသည့် မီဒီယာများ၏ ထုတ်လုပ်မှုများကို သစ်ထူးလွင် မှ ကူးယူဖော်ပြမှာ မဟုတ်ကြောင်း အသိပေး အပ်ပါသည်။

ပြည်သူ/ပြည်သားများ အနေနှင့်လည်း မိမိတို့ ပတ်ဝန်ကျင်မှ သတင်းများကို thithtoolwin9@gmail.com ကို ဆက်လက်ပေးပို့ နိုင်ပါသည်။ သစ်ထူးလွင်မှ သတင်းတင်ပြမှု ပုံစံ အပြောင်းအလဲ ရှိမှာမဟုတ်ကြောင်း အသိပေးအပ်ပါသည်။

သစ်ထူးလွင်မှ အောက်ပါ Blog နှင့် Facebook စာမျက်နှာများမှာ သတင်းများ တင်ဆက်ပေးနေပါသည်။ အောက်ဖော်ပြပါ လိပ်စာများမှအပ သစ်ထူးလွင် နာမည်နှင့် ဆင်တူရိုးမှား Blog နှင့် Facebook စာမျက်နှာများမှာ သစ်ထူးလွင် နှင့် မည်သို့ မှ မသက်ဆိုင် ကြောင်း အသိပေးအပ်ပါသည်။

 လေးစားစွာဖြင့်

သစ်ထူးလွင်

http://www.thithtoolwin.com/

http://www.thithtoolwin.info/

http://www.myanmarnewsnow.org/

http://www.m-nn.net/

https://www.facebook.com/thithtoolwin2

https://www.facebook.com/ThitHtooLwinOfficialPage

https://www.facebook.com/MyanmarNewsNow2014

https://www.facebook.com/thithtoolwin2014


မီဒီယာများနှင့် ပြည်သူများသို့ သစ်ထူးလွင်မှ အိတ်ဖွင့် ပေးစာ  မီဒီယာများနှင့် ပြည်သူများသို့ သစ်ထူးလွင်မှ အိတ်ဖွင့် ပေးစာ Reviewed by သစ်ထူးလွင် on 01:07 Rating: 5
Powered by Blogger.