လုယက်မှုမှတရားခံအား ဖော်ထုတ်ဖမ်းဆီးပြီး စစ်ဆေးရာမှ အခြားခိုးမှုများ ပေါ်ပေါက်

 ရန်ကုန်၊ ဇူလိုင် ၂၄

 ၁.၇.၂၀၁၄ ရက်နေ့ ၀၂၁၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ကိုထွန်းထွန်းနိုင်သည် နေအိမ်ရှေ့ခန်း၌ သူငယ်ချင်းဖြစ်သူ ကိုဇော်မျိုးနှင့်အတူ အိပ်နေစဉ် အမည်မသိအမျိုးသား(၄)ဦးတို့ ရောက်ရှိလာပြီး ၎င်းတို့(၂)ဦးကို ခြင်ထောင်စ၊ ပုဆိုးစများဖြင့် ပါးစပ်နှင့်လက်တို့အားချည်နှောင်၍ ဓါးဖြင့်ထောက် ကာ ၎င်းတို့ဝတ်ဆင်ထားသော ရွှေဆွဲကြိုး(၂)ကုံး၊ ရွှေဆွဲပြား(၁)ခု၊ နားကွင်း(၁)ခု၊ နားကပ်(၂)ဖက်နှင့် ဆင်းကတ်ပါလက်ကိုင်ဖုန်း(၂)လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၈၀၀၀၀)တို့အား ယူဆောင်သွားသဖြင့် စုံစမ်းအရေးယူပေးရန်တိုင်တန်းခဲ့ရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၃၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များသည် အမှုမှတရားခံများဖမ်းဆီးရမိရေးအတွက် စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အငယ်ကောင်(ခ)ထွန်းထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးမောင်သိန်းအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးခဲ့ရာ အဆိုပါအမှုအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၅)ရပ်ကွက်နေ မဲကြီး(ခ) သူရထွန်း(ခ)သန်းလင်းထွန်း၊ (၂၉)နှစ်၊ (ဘ)ဦးစံသိန်း၊ အမည်မသိ
အမျိုးသား (၂)ဦးတို့နှင့်အတူ ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ဖမ်းဆီးရမိသူ အငယ်ကောင်(ခ)ထွန်းထွန်းအား အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိစစ်ဆေးရာ ၆.၁၁.၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် ၎င်းတစ်ဦးတည်း တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် အမျိုးသားတစ်ဦးထံမှ ငွေကျပ်(၅)သိန်း၊ ရွှေဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၅)ကွင်း တို့အားခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ဘုန်းကြီးကျောင်း၌ခေတ္တတည်းခိုနေသူ ဦးကျော်စိုးတိုင်တန်း ထားရှိသော တာမွေမြို့မရဲစခန်း(ပ) ၅၀၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၈၀ အမှုကို လည်းကောင်း၊ ၁၃.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်ခန့်တွင် ဘိန်းမုန့်(ခ)ကျော်သူရ (တောင်ဥက္ကလာပ မြို့မရဲစခန်း၌ ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသူ)နှင့်အတူ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ(၆)လုံး၊ ဆွဲသီးပါရွှေဆွဲကြိုး(၁)ကုံး၊ လက်ကောက်(၁)ကွင်း တို့အားခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် မသန္တာအောင်တိုင်တန်းထားရှိသော တာမွေမြို့မရဲစခန်း(ပ)၁၉၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ကိုလည်းကောင်း ဖော်ထုတ် နိုင်ခဲ့ပါသည်။

ထို့ပြင် ၃.၇.၂၀၁၄ ရက်နေ့ ၀၂၁၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂၂)ရပ်ကွက်နေ ဒေါ်တင်တင်မိုးသည် နေအိမ်၌ မိသားစုနှင့်အတူအိပ်နေစဉ် အမည်မသိအမျိုးသားများရောက်ရှိလာပြီး တုတ်၊ ဓါးများဖြင့် ရိုက်နှက်ထိုးခုတ်ခဲ့ ကြရာ ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီတောင်းခံခဲ့၍ ၎င်းအမျိုးသားများမှာ ထွက်ပြေးသွားခဲ့ကြပြီး ၎င်းအပါအ၀င် မိသားစုဝင်(၄)ဦးတွင် ဒဏ်ရာများရရှိခဲ့ သဖြင့် စုံစမ်းအရေးယူပေးရန်တိုင်တန်းချက်အရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မ
ရဲစခန်း(ပ)၃၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၄၅၆/၃၂၆/၃၂၅/၁၁၄ ဖြင့်ဖွင့်လှစ်စုံစမ်း ဆောင်ရွက်လျက်ရှိသော အမှုအား အငယ်ကောင်(ခ)ထွန်းထွန်းသည်ကျော်ကြီး(ခ) အောင်သူ၊ တရုတ်လေး(ခ)သူရအောင်၊ မဲကြီး(ခ)သူရထွန်း(ခ) သန်လင်းထွန်း၊ ဖိုးတုတ်၊ အမည်မသိအမျိုးသား(၂)ဦးတို့နှင့်အတူ ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပါသည်။

၎င်းအပြင် အငယ်ကောင်(ခ)ထွန်းထွန်းသည် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အထက(၁)ကျောင်းဝင်းအတွင်းရှိ နေအိမ် အတွင်းသို့ ၎င်းတစ်ဦးတည်းဝင်ရောက်၍ ငွေကျပ်(၁၀)သိန်းခန့်နှင့်လက်ပတ်နာရီ (၁)လုံးတို့အားခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ မေလ  အတွင်းက ဘိန်းမုန့်(ခ)ကျော်သူရနှင့်အတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ (၃၂) လက်မတီဗီ(၁)လုံးနှင့်ရီမု(၁)ခုတို့အား ခိုးယူခဲ့ ကြောင်းပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၂၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ နေအိမ်တစ်အိမ်အတွင်းသို့ ၎င်းတစ်ဦးတည်း
ဝင်ရောက်၍ ဆွဲသီးပါ ရွှေဆွဲကြိုး(၂)ကုံး၊ ဟန်းချိန်(၁)ခု၊ လက်စွပ်(၃)ကွင်းတို့အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၂၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၈၀/၅၄ ဖြင့် လည်းကောင်း အမှုများအသီးသီး ထပ်မံ ရေးဖွင့်ကာ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အမှုများမှပြစ်မှုကျူးလွန်သူများအနက် အငယ်ကောင်(ခ)ထွန်းထွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်နေ ကျော်ကြီး(ခ)အောင်သူ၊ (ဘ)ဦးကျော်ဝင်းနိုင်နှင့် တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်နေ တရုတ်လေး (ခ)သူရအောင်၊ (ဘ)ဦးလှမျိုးအောင်တို့အား ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုအသီးသီးမှသက်သေခံ ပစ္စည်းအချို့အား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


လုယက်မှုမှတရားခံအား ဖော်ထုတ်ဖမ်းဆီးပြီး စစ်ဆေးရာမှ အခြားခိုးမှုများ ပေါ်ပေါက်  လုယက်မှုမှတရားခံအား ဖော်ထုတ်ဖမ်းဆီးပြီး စစ်ဆေးရာမှ အခြားခိုးမှုများ ပေါ်ပေါက် Reviewed by သစ်ထူးလွင် on 18:37 Rating: 5
Powered by Blogger.