နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် ၈၂ ဦး သေဆုံး

 နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းက ကာနူနာမြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့က ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် အနည်းဆုံးလူ ၈၂ ဦး သေဆုံးပါတယ်။

ဆုတောင်းပွဲတခုမှာ လူအုပ်ကိုခေါင်းဆောင်မယ့် မွတ်စလင် ဘာသာရေးဆရာနဲ့ အတိုက်အခံခေါင်းဆောင် သမ္မတဟောင်း မူဟမ်မာဒူ ဘူဟာဒိုင်ကို လူစည်တဲ့ဈေးမှာ လုပ်ကြံဖို့ ဦးတည်ထားခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘိုကိုဟာရမ် အစ္စလာမစ် အုပ်စုရဲ့ ၀ိသေသ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲတွေမတိုင်မီ နိုင်ငံရေးနဲ့လည်း ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။
လူစည်ကားတဲ့ ကာဝိုဈေးမှာ ဘူဟာရိုင်ရဲ့ ယာဉ်တန်းကို ဦးတည်ထား ဖောက်ခွဲတာ ဖြစ် ကြောင်း သူ့သားက ရိုက်တာသတင်းဌာနကို အခင်းဖြစ်ရာနေရာမှာ ပြောပါတယ်။
ဘူဟာရိုင်ဟာ ၂၀၁၁ ရွေးကောက်ပွဲမှာ နိုင်တဲ့ သမ္မတ ဂွဒ်လဒ်ဂျိုနသန်ကို ဆန့်ကျင်သူ အဓိက အတိုက်အခံပါတီရဲ့ စိန်ခေါ်သူ နဲ့ အတိုက်အခံ မဟာမိတ်အဖွဲ့ရဲ့ အဓိကပုံရိပ်လည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်ကတော့ သံချပ်ကာကားနဲ့ လိုက်ပါလာတာမို့ ထိခိုက်မှုမရှိခဲ့ပါဘူး။
အစောပိုင်းကလည်း အသေခံဗုံးခွဲသူတဦး လူစည်ကားတဲ့ စီးပွားရေးလမ်းပေါ်မှာ မွတ်စလင်ဘာသာရေးဆရာ တဦးကို ပစ်မှတ်ထားလုပ်ကြံလို့ နောက်လိုက် အနည်းဆုံး ၃၂ ဦး သေဆုံးတယ်လို့ အလောင်းတွေကို နေရာရွှေ့ရာမှာ ကူညီခဲ့သူက ပြောပါတယ်။

ယာဉ်တန်းရပ်ချိန်မှာ ဗုံးသမားက ဘာသာရေးဆရာဆီ လှမ်းခဲ့ပေမယ့် သက်တော်စောင့်က တားခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ရဲက ပြောပါတယ်။

ဒဏ်ရာရသူ ၁၄ ဦးကို ဆေးရုံတင်ပို့ထားပြီး အခင်းဖြစ်နေရာကိုတော့ စစ်တပ်က ပိတ်ထားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ဒီနှစ် နှစ်ဝက်အတွင်း ခွဲထွက်ရေးသူပုန်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား အယောက် ၂၀၀၀ ကျော် သေဆုံးတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60925

ဓာတ်ပုံ - AP

နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် ၈၂ ဦး သေဆုံး  နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် ၈၂ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 20:00 Rating: 5
Powered by Blogger.