မင်္ဂလာဒုံတွင် လေဆင်နှာမောင်း တိုက်ခတ် (ဓာတ်ပုံ)

 ရန်ကုန်တိုင်း မင်္ဂလာဒုံမြို နယ် ဘောဂရပ်ကွက် ဇူလိုင် ၂၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၃ အိမ်၊ တဲအိမ် ၂၇ လုံး ပြိုကျ ပျက်စီးခဲ့ပြီး ပျဉ်ထောင်အိမ်တွေနဲ့ တိုက်အိမ် ၇ လုံးရဲ့ သွပ်မိုးတွေ လှန်ခဲ့ပါတယ်။ ဓာတ်တိုင် ၇ တိုင် လဲပြိုခဲ့လို့ အခု ပြန်လည် ထောင်ပြီး ဖြစ်ပါတယ်။

မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားတွေက အပျက်အစီးတွေကို လာရောက် ရှင်းလင်းပေးခဲ့ကြပါတယ်။

By ဒီဗွီဘီ

(သတင်းဓာတ်ပုံ – သူရိန်)

http://burmese.dvb.no/archives/61223



မင်္ဂလာဒုံတွင် လေဆင်နှာမောင်း တိုက်ခတ် (ဓာတ်ပုံ)  မင်္ဂလာဒုံတွင် လေဆင်နှာမောင်း တိုက်ခတ် (ဓာတ်ပုံ) Reviewed by သစ်ထူးလွင် on 15:48 Rating: 5
Powered by Blogger.