အယ်လ်ဂျီးရီးယား လေယာဉ် တစီး ပျောက်ဆုံးနေ

 Burkina Faso ကနေ Algiers ကို ပျံသန်းတဲ့ အယ်လ်ဂျီးရီးယား နိုင်ငံပိုင် လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ် AH 5017 ဟာ ဆာဟာရ သဲကန္တာရကို ဖြတ်ပျံစဉ် အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီး ခုချိန်ထိ ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

အဆက်အသွယ် ပြတ်တောက်သွားချိန် အဲဒီ ဆာဟာရ ဒေသမှာ ရာသီဥတု ဆိုးရွားနေတယ်လို့ သိရပါတယ်။

AH 5017 ပေါ်မှာ ခရီးသည် ၁၁၀ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားပြီး လေယာဉ် ထွက်ခွာပြီး မိနစ် ၅၀ အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

လေယာဉ် မပျောက်ဆုံးမီမှာ မုန်တိုင်းရှိနေလို့ လမ်းကြောင်း ပြောင်းရမှာ ဖြစ်ကြောင်း လေယာဉ်မှူးက Niger လေကြောင်းထိန်း မျှော်စင်တစ်ခုကို ဆက်သွယ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် အများစုက အယ်လ်ဂျီးရီးယားနဲ့ ပြင်သစ် လူမျိုးတွေ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140724_algeria_plane_missing.shtml

 လေယာဉ်ပေါ်မှာ လူ ၁၁၆ ဦး လိုက်ပါသွား

အယ်လ်ဂျီးရီးယား လေယာဉ် တစီး ပျောက်ဆုံးနေ  အယ်လ်ဂျီးရီးယား လေယာဉ် တစီး ပျောက်ဆုံးနေ Reviewed by သစ်ထူးလွင် on 19:26 Rating: 5
Powered by Blogger.