ရွှေတူးဖော်စဉ် မြေပြိုကျ၍ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

 နေပြည်တော်၊ ဇူလိုင် ၃၁

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတောင်ဘက်(၃)မိုင်ခန့်ရှိ မင်းပန်းတောင်ပေါ်၌ ၎င်းကျေးရွာနေ အောင်နိုင်ဝင်း(၃၅)နှစ်ပိုင်သည့် ရွှေအင်းဟောင်းအတွင်း ၎င်းနှင့်အတူ ရေရှင်ကျေးရွာနေသူများဖြစ်သည့် လှလင်း(၂၄)နှစ်၊ ထွန်းလင်း(၄၃)နှစ်၊ ဇော်ဇော်(၂၀)နှစ်တို့(၄)ဦးသည် ရွှေတူးဖော်စဉ်အနက် (၆၀)ပေခန့်အရောက်မြေပြိုကျ၍ ပိတ်မိနေကြောင်း သတင်းအရ သပိတ်ကျင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အဆိုပါနေရာသို့သွားရောက်ကာ အနီးပတ်ဝန်းကျင်ရှိသူများနှင့် ၀ိုင်းဝန်းကူညီတူးဖော်ခဲ့သည်။

 ထိုသို့တူးဖော်ရာ အောင်နိုင်ဝင်းနှင့် လှလင်းတို့၌ ဒဏ်ရာများရရှိသေဆုံးသွားခဲ့ပြီး ထွန်းလင်းနှင့် ဇော်ဇော်တို့အား အသက်ရှင်လျက်ပြန်လည်တူးဖော်ရရှိခဲ့သဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စဥ့်ကူးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ရွှေတူးဖော်ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ - အင်တာနက် 

ရွှေတူးဖော်စဉ် မြေပြိုကျ၍ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ  ရွှေတူးဖော်စဉ် မြေပြိုကျ၍ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:03 Rating: 5
Powered by Blogger.