မောင်တောတွင် ပြစ်မှု ကျူးလွန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံမှုများရှိ

 စစ်တွေ ဇူလိုင်၂၈

 ရခိုင်ပြည်နယ် မောင်တော မြို့နယ်အတွင်း ဖြစ်ပွားသည့် မှုခင်းများတွင် ပြစ်မှု ကျူးလွန်သူ အများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခို လှုံခြင်းများ ရှိနေပြီး ၄င်းတို့အား ဖမ်းဆီး ရမိရန် ခက်ခဲကြောင်း မောင် တော ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး ကပြောသည်။

ယခုလ ၁၆ ရက်က မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးရုံးသို့ အစည်းအဝေး တက်ရောက် ရန်သွားသည့် သပြေတော ဘင်္ဂါလီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဇီယာဘူဟောက်နှင့် အုပ်ချုပ်ရေးမှုးဟောင်း တို့ကို ကျောင်းတောင် ကျေးရွာအနီးတွင်လူတစ်စုက သတ်ဖြတ်ခဲ့ရာ ယင်းအမှုတွင် ပါဝင်သူများကို ဖမ်းဆီးရမိ ခြင်းမရှိ သေးကြောင်း သိရသည်။

ထို့အတူ ဒုချီးရာတန်းကျေးရွာဖြစ်စဉ်က ပါဝင်ပတ်သက်သူလူ၎ဝ မှာလည်း ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်းနှင့် ၄င်းတို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ခိုလှုံဝင်ရောက် သွားသည်ဟုယူဆရကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပဋိပက္ခအပြီး မောင်တောခရိုင်အတွင်း ဓားပြမှု၊ မီးရှို့မှု၊လက်နက်လုယက်မှု၊ လူသတ်မှုတို့ ကျူးလွန်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး အနည်းစုကိုသာ ဥပဒေအရအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် ဇွန် ၈ ရက်ကတစ်ပြိုင်တည်း တစ်နေ့တည်းတွင် တိုင်းရင်းသားကျေးရွာများကို ဝင်ရောက်မီးရှို့ လူသတ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုးတစ်ထောင်ကျော်ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသည့်အတွက် ပြည်တွင်းတွင်နေထိုင်နေသည့် ၄င်းတို့၏အိမ်ထောင်စုစာရင်းများမှ ပယ်ဖျက်ပြီး အရေးယူထားကြောင်း၊ ၄င်းတို့ပြန်ဝင်လာမလာကိုလည်း အမြဲစောင့်ကြည့်နေကြောင်း၊ ဓာတ်ပုံမှတ်တမ်း များရှိ၍ တရားခံပြေးများပြန်လာလျှင်ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူမည်ဖြစ်သကဲ့သို့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း၊ဖျက်သိမ်းသွားခဲ့သည့်နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး၊ကွပ်ကဲ ရေးဌာနချုပ်မှ ကွပ်ကဲရေးမှူးဖြစ်သူ ဗိုလ်မှူးကြီး အောင်နိုင်ဦးက ၂ဝ၁၃ ခုနှစ် မေလအတွင်း သတင်းထောက် များနှင့် မောင်တောမြို့မှာတွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


မောင်တောတွင် ပြစ်မှု ကျူးလွန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံမှုများရှိ  မောင်တောတွင် ပြစ်မှု ကျူးလွန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံမှုများရှိ Reviewed by သစ်ထူးလွင် on 16:04 Rating: 5
Powered by Blogger.