ကုမ္ပဏီမှတ်ပုံတင်မှု အဆင့်အချို့ဖြေလျှော့ပေးရန်စီစဉ်

 ရန်ကုန် ဇူလိုင် ၃ဝ

 စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေ ရေးအတွက် ကုမ္ပဏီမှတ်ပုံတင် ရာတွင် ဆောင်ရွက်ရသည့် အဆင့် များမှ အချို့အဆင့်များကို မကြာမီ ပယ်ဖျက်ပေးသွားရန်စီစဉ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူးဦးအောင် နိုင်ဦးက ယခုလ ၂၇ ရက်က ကျင်းပသော ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တတိယအဆင့် အရှိန်မြှင့်တင် ဆောင်ရွက်ရေးဆွေးနွေးပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြား ခဲ့သည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့သော Doing Business စီးပွားရေးလုပ် ငန်းများလွယ်ကူမှုအဆင့်သတ်မှတ် ချက်အစီရင်ခံစာတွင် မြန်မာနိုင်ငံ သည်အဆင့်(၁၈၂) နေရာတွင်သာ ရှိနေပြီး လုပ်ငန်းစတင်သည့်အချိန် ကပင် အခက်အခဲများရှိခြင်းဖြစ် ကြောင်း၊ ပြည်တွင်းကုမ္ပဏီများကို လေ့လာသုံးသပ်ချက်အရ ထုတ် ပြန်သည့်အတွက် ပုဂ္ဂလိကကဏ္ဍ ပေါင်းစုံမှ အခက်အခဲများနှင့် ရေတိုရေရှည် ဆောင်ရွက်ပေးနိုင် မည့် ဖြေလျှော့မှုများအတွက် ညှိ နှိုင်းအဖြေရှာမှုများကို ထိုအစည်း အဝေးတွင်ပြုလုပ်ခဲ့သည်။

''အခုလိုဖြေလျှော့မှုတွေလုပ်တာ က ၂ဝ၁၄ျွနစသမအ ထွက်မှလုပ်တာ မဟုတ်ပါဘူး။ တစ်ခုပြီးတစ်ခု လုပ်ခဲ့တာပါ။ ခုကတော့ကုန်သွယ် ရေးနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုအခြေခံ ခိုင်မာရေး၊ နောက်ပုဂ္ဂလိက လုပ် ငန်းဘက်ကလိုအပ်ချက်တွေ ပိုမို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖွဲ့ စည်းထားတဲ့ကော်မတီတွေ၊ ဌာန တွေပူးပေါင်းပြီး ရေရှည်တည် ဆောက်ဖြေလျှော့နိုင်ဖို့ အသေးစိတ် ဆွေးနွေးတာပါ''ဟု နိုင်ငံတော် သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးကပြောသည်။

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှတ်ပုံတင် ရာတွင် လုပ်ငန်းအဆင့်သတ်မှတ် ချက်များမှကြာမြင့်ရက် သတ်မှတ် ချက်၅၂ရက်မှသုံးရက်အထိ လည်း ကောင်း၊ ကုမ္ပဏီမတည်ရင်းနှီးငွေ များလျှော့ချပေးထားပြီးဒါရိုက်တာ တစ်ဦးချင်းထည့်ဝင်ရမည့်အာမခံ ငွေကြေးများကို ပယ်ဖျက်ဖြေလျှော့ ပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ မှတ်ပုံတင်ရာတွင်ပြည်တွင်းနှင့်ပြည်ပ နှစ်မျိုးခွဲခြားထားပြီး ပြည်ပရင်းနှီး မြှုပ်နှံမှုကုမ္ပဏီများအနေဖြင့်မြန်မာ နိုင်ငံသို့ပေးသွင်းရမည့် သတ်မှတ် ငွေကြေးများပေးသွင်းပြီးပါကအမြန် ဆုံးမှတ်ပုံတင်ထုတ်ပေးနိုင်ပြီဖြစ် ကြောင်းသိရသည်။

အေးချမ်းမိုး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?ref=br_tf


ကုမ္ပဏီမှတ်ပုံတင်မှု အဆင့်အချို့ဖြေလျှော့ပေးရန်စီစဉ်  ကုမ္ပဏီမှတ်ပုံတင်မှု အဆင့်အချို့ဖြေလျှော့ပေးရန်စီစဉ် Reviewed by သစ်ထူးလွင် on 17:55 Rating: 5
Powered by Blogger.