အရက်မူးပြီးစိတ်ဖောက်ပြန်ကာ ဇနီးနှင့်မြေးအား လည်ပင်းညှစ်သတ်

နေပြည်တော်၊ ဇူလိုင် ၂

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ လားရှိုး မြို့နယ်၊ အီနိုင်း ကျေးရွာနေ ဦးချိုချို(၅၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် ကျေးရွာသူကြီး ရောက်ရှိ လာပြီး ဦးချိုချို၏ ဦးလေး တော်စပ်သူ ဦးညွန့်မောင်(၆၄)နှစ်သည် ဇွန်လ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အရက်သောက်စား မူးယစ်ပြီး စိတ်ဂယောင်ခြောက်ခြားဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်ညို(၆၂)နှစ်နှင့် မြေးဖြစ်သူ မချစ်ငြိမ်းသူ(၁၆)နှစ်တို့ ၂ ဦးအား လည်ပင်းညှစ်သတ်၍ သေဆုံးသွားကြောင်း ပြောပြသိရှိရသဖြင့် လိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့လိုက်လံကြည့်ရှုရာ ဒေါ်ညိုအား နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် နှာခေါင်းသွေးထွက်ဒဏ်ရာနှင့် မချစ်ငြိမ်းသူအား ဘုရားစင်အောက်ကြမ်းပြင်ရှိ အိပ်ယာခင်းပေါ်တွင် နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် နှစ်ဦးစလုံးသေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် အရေးယူပေးရန် တိုင်တန်းခဲ့ရာ ဦးညွန့်မောင်အား လားရှိုးမြို့မရဲစခန်း(ပ)၁၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 - မြ၀တီ


အရက်မူးပြီးစိတ်ဖောက်ပြန်ကာ ဇနီးနှင့်မြေးအား လည်ပင်းညှစ်သတ်  အရက်မူးပြီးစိတ်ဖောက်ပြန်ကာ ဇနီးနှင့်မြေးအား လည်ပင်းညှစ်သတ် Reviewed by သစ်ထူးလွင် on 21:38 Rating: 5
Powered by Blogger.