ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက်တင်မည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့်

ကန့်ဘလူ ၊ ၂၉-၆-၂၀၁၄

ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့ မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌ သွားရောက် နေထိုင် ခဲ့သည်။ ထိုသို့ တည်းခို နေထိုင်စဉ် ဧပြီ ၁၄ ရက် ည ၁၂ နာရီက အဆိုပါ နေအိမ် အပေါ်ထပ်တွင် စာကျက် နေသည့် အသက် ၁၅ နှစ်အရွယ် ၁ဝ တန်း ကျောင်းသူ မ----၏ ရေသန့်ဘူးကို ရေဖြည့် ပေးမည်ဟု တေဇာဝင်း (ခ) မွတ်တား က ယူဆောင် သွားခဲ့ပြီး အဆိုပါ ရေသန့်ဘူး အတွင်းမှ ရေများကို မ----- က သောက်သုံး မိခဲ့ရာ ကိုယ်ခန္ဓာ ခြေလက်များ လှုပ်ရှားမရ ချိန်၌ တေဇာဝင်း (ခ) မွတ်တားက အလို မတူဘဲ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၂ဝ ရက်က အမည်မသိသူ တစ်ဦးသည် မ----၏ မိဘများထံ ရောက်လာပြီး စာတစ်စောင် နှင့် ဒီဗွီဒီ အခွေ တစ်ချပ်ကို တေဇာဝင်း (ခ) မွတ်တား က ပေးခိုင်း၍ လာရောက် ပေးကြောင်း ပြောပြ၍ ပေးသွား ခဲ့သည်။ အဆိုပါ စာကို မ---၏ မိဘများက ဖွင့်ဖောက် ကြည့်ရာ တေဇာဝင်း (ခ) မွတ်တား က မ----ဆို သူနှင့် သားမယား အဖြစ် နေထိုင်ပြီး ဖြစ်ကြောင်း၊ အပျိုစင် ဘဝကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ မ-----နှင့် သားမယား အဖြစ် နေထိုင်သည် ကို ဗီဒီယို ရိုက်ကူး ထားကြောင်း၊ ထိုအခွေကို ပို့လိုက်ကြောင်း၊ မ----နှင့် ၄င်းကို မပေး စားပါဘဲ တိုင်ကြားပါက အင်တာနက် ပေါ်တင်ပြီး တစ်ကမ္ဘာလုံး သိ၍ အရှက်ရ စေမည် ဖြစ်ကြောင်း၊ အဆိုပါစာတွင် ခြိမ်းခြောက် ဖော်ပြထား သည်ကို မ-----၏ မိဘများက ဖတ်ရှုသိရှိ ခဲ့ရသည်။ ထို့ကြောင့် မ------မိဘများက ကန့်ဘလူမြို့မ ရဲစခန်းသို့ အမှုဖွင့် အရေးယူ ပေးရန် တိုင်တန်း ခဲ့သည်။

အဆိုပါ တိုင်တန်းချက် နှင့် ပတ်သက် ၍ ကန့်ဘလူမြို့မ ရဲစခန်းက ဇွန်၂၇ ရက် ည ၈ နာရီခွဲက တေဇာဝင်း (ခ) မွတ်တား ကို ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၈/၂ဝ၁၄ (ပ)၁၇၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဆာင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၅၄)

Yadanarpondaily

ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက်တင်မည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့်  ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက်တင်မည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့် Reviewed by သစ်ထူးလွင် on 09:58 Rating: 5
Powered by Blogger.