အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့ဟုဆိုကာ ရန်ကုန်ယူနိုက်တက်ကစားသမား ကြည်လင်း တိုင်ကြားခံရ

ရန်ကုန်၊ ဇွန် ၁၈

အမျိုးသမီးတစ်ဦးက ကမာရွတ်မြို့နယ် ရဲစခန်းတွင် ရန်ကုန်ယူနိုက်တက် ကစား
သမားကြည်လင်းကို အမှုဖွင့်တိုင်ကြားထားပြီး အမှုဖွင့် အရေးယူနိုင်ရန်
ဆေးစစ်ချက်များ စောင့်ဆိုင်းနေသည်ဟု ကမာရွတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက
မဇ္ဈိမကို ပြောသည်။

သားမယားပြုကျင့်ခံရသည်ဆိုသည့် တိုင်ကြားထားသည့် အမျိုးသမီးမှာ အသက်(၁၇)နှစ်
အရွယ်သာရှိသေးကြောင်း တိုင်ကြားရာတွင် ထည့်သွင်းခဲ့သည်ဟု အထက်ပါ
ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

အထက်ပါ ရဲတပ်ဖွဲ့ဝင်က “ကြည်လင်းကို ကျွန်တော်တို့ဆီမှာ လာရောက်
တိုင်ကြားထားတာတော့ အမှန်ပါပဲ။ ဇွန်လ(၁၆) ရက်နေ့က လာရောက်
တိုင်ကြားသွားတာပါ။ ဒါပေမယ့် ဒီအမှုကို ဘယ်လိုပုဒ်မမှ မတပ်ရသေးသလို
ဘယ်လိုစစ်ဆေးမှုတွေမှလည်း မပြုလုပ်ရသေးပါဘူး" ဟုဆိုသည်။

ရဲဌာနအနေနှင့် ရန်ကုန်ယူနိုက်တက်အသင်းကို ဆက်သွယ်၍ စစ်ဆေးမှုများ
ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်ပုဒ်မဟု အမှုနာမည်တပ်၍ မရသေးဘဲ
တိုင်ကြားသည့် အမျိုးသမီးကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကာ
ဆေးစစ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက် အသင်း မီဒီယာဌာနမှ ဦးအောင်ပိုင်ကို ဖုန်းဖြင့် ဆက်သွယ်
မေးမြန်းခဲ့ရာ “ကြည်လင်းရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့
ဘာမှမသိရသေးပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။

မဇ္ဈိမအနေနှင့် ကြည်လင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ
ဦးကျော်လင်းထွေးထံသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်
ဖြေကြားခဲ့ခြင်းမရှိပေ။

ညီမိုဃ်း
Mizzima Sport News


အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့ဟုဆိုကာ ရန်ကုန်ယူနိုက်တက်ကစားသမား ကြည်လင်း တိုင်ကြားခံရ  အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့ဟုဆိုကာ ရန်ကုန်ယူနိုက်တက်ကစားသမား ကြည်လင်း တိုင်ကြားခံရ Reviewed by သစ်ထူးလွင် on 03:34 Rating: 5
Powered by Blogger.