ကြံ့ခိုင်ရေးဝါးရင်းတုတ်တပ်ဖွဲ့ပါဝင်မိ၍ ဂျလေဘီဟု အစိုးရသတင်းစာမှ အရေးခံခဲ့ရ – တာမွေအောင်ကို

 စွမ်းအားရှင်ဆိုတဲ့ ၀ါးရင်းတုတ်တပ်ဖွဲ့ကို ခေါင်းဆောင်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးအလုပ်အမှုဆောင်တွေ အခုတော့ တိုင်းဒေသကြီး လွှတ်တော်မှာ အမတ်မင်းတွေ ဖြစ်နေကြ . . .

ခရိုင်အတွင်းရေးမှူး တစ်ဦးက တာမွေကျောက်မြောင်းကြီး ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ဟိန္ဒူ မင်္ဂလာ ခန်းမ တွင် ပြုလုပ်လျက် ရှိသော အမှုဆောင်ဆင့်ပွားသင်တန်း၌ သင်ခန်းစာပို့ချပြီး ဒဏ်ရာရသူ လူနာအား သွားကြည့် မည်၊ ထောက်ပံ့ငွေလည်း ပေးမည်။ ကိုအောင်ကိုရေ အိမ်လိုက်ပြရန် ပြောသဖြင့် လိုက်ပို့ရာ လူနာအား ခုတင်ပေါ် တွင် မတွေ့ရ၊ အိမ်ရှိအိမ်သားများ က အောက် မှာ ရေသွားချိုးတယ်ဟု အမှန်အတိုင်း ပြောရာ ထိုင်စောင့် နေကြ ရင်း ရေချိုးပြီးတက်လာသော လူနာအားတွေ့ပြီး အားပေး စကားပြော၍ ပြန်သွား သည်။ ပထမပေးမည်ပြောသည့် ထောက်ပံ့ကြေး ထည့်ထားသည့် စာအိတ်အား မထုတ်ပေးတော့ ဘဲ ပြန်ယူ သွားတာ ကိုကြည့်ရင်း ငိုအားထက် ရယ်အားသန် …

ဖျောက်ဖျက်နိုင်စွမ်းမရှိခဲ့သော အချိန် ကာလကား ၁၉၉၈ ခုနှစ်လောက်ကဖြစ်မည်။ ကားတွေထွက်လာပြီဟေ့ အားလုံးသတိဟု ခေါင်းဆောင်ဖြစ်သူ၏ သတိပေးသံကြောင့် အားလုံး ငြိမ်သက်သွားကြသည်။ လက်၌ ကိုင် ထားသော ၀ါးရင်းတုတ်များကိုယ်စီနှင့် အသင့်အနေအထားနှင့် ကမ္ဘာအေး ဘုရားလမ်းနေအိမ် ခြံထွက် ပေါက် လမ်းများ၌ ၀ပ်နေကြရသည်။ တက်္ကသိုလ်ရိပ်သာလမ်း ဘက်မှ ထွက်လာသောကားများ တဖြည်း ဖြည်းနီးကပ် လာလေပြီ။ ပထမဆုံး ရှေ့မှ ရောက်လာသည့် မာဇဒါဆီဒင် အပြာရောင် ကားအား ရှေ့မှပိတ်ဆို့၍ လက်၌ ကိုင်ထားသော ၀ါးရင်းတုတ်များဖြင့် ၀ိုင်းရိုက်ကြလေတော့သည်။ တစ်ခဏတွင်းမှာပင် မာဇဒါဆီ ဒင် ကားအပြာ ရောင် စိစိညက်ညက်ကြေမွ သွားတော့သည်။ အနီးရှိထောက်လှမ်းရေး အဖွဲ့ဝင်တစ်ဦးက မျက်စိပျက် မျက်နှာ ပျက်နှင့် ဟာ…သွားပါပြီ မှားကုန်ပြီ အဲဒါ ငါတို့ ဆီက သတင်းလုံခြုံရေးကား၊ ပစ်မှတ်က နောက်ကကား သွားပါ ပြီဗျာဟု ပြောဆိုနေသည့် အသံနားထဲ ကြားယောင်နေမိသည်။ မှားပြီး စွမ်းအားရှင် ၀ါးရင်းတုတ်အဖွဲ့၏ အရိုက် ခံလိုက်ရသည့် ဆီဒင်ကားခမျာ မှန် များအားလုံးကွဲလျက် တွန့်လိမ်ပိန်ချိုင့် စွာ ဖြင့် မောင်း ထွက်သွားပြီး နောက် ကားက ပစ်မှတ်ကားဟု မကြားတကြား ပြောလိုက် သည်။ …မိမိမြို့နယ်မှ စွမ်းအားရှင်လူစွမ်း ကောင်း အရန်မီး သတ်ဖွဲ့ဝင်လည်းဖြစ်၊ ကြံ့ ခိုင်ရေး အသင်းဝင်လည်းဖြစ်သည့် လက်ရဲ ဇက်ရဲရှိသူကိုင်ထားသည့် ၀ါးရင်း တုတ် ဖြင့် လူမြင်ကောင်းအောင် ဒေါ်စုတို့၊ ဦးတင်ဦး တို့ပါသည်ထင်သည့် အဖြူရောင်ကား နောက်သို့ ပြေး လိုက်၊ ရိုက်လိုက်နှင့် ၀ါးရင်း တုတ်ဖြင့် ပစ်ပေါက်လိုက်သေးသည်ကို မျက်စိထဲက အခုထိမထွက်။ ပထမမိမိတို့ကို လမ်းညွှန်ထားသည်က ဒေါ်စုတို့၊ ဦးတင်ဦး တို့ ဒီနေ့ဘယ်အခမ်းအနားသွားတက်မည်။ မိမိတို့ဆီမှ လိုက်ပါ စောင့်ကြည့်မည့်လုံခြုံရေး ကားတွေလည်းပါမည်။ အဓိကပစ်မှတ်က ဒုတိယမြောက်ကားဟု စွမ်းအားရှင်ခေါင်း ဆောင်ဦးဆောင် သူက သေချာမှာကြားထား ခြင်းဖြစ်သည်။ အမှန်တကယ် ကားယာဉ် တန်းထွက်လာတော့ ဘယ်လိုပြောင်းလဲသွား သည်မသိ။ ကျွန်တော်တို့ဆီက လူတွေ သတင်းရရှိမှု၊ လမ်းညွှန်မှုတွေ တစ်လွဲဖြစ် ကုန်သည်။ တရားနတ်စောင့်တယ်ဆိုတာ ဒါကိုဆိုလိုခြင်းဟု အခုမှ သဘောပေါက် မိသည်။ အဲဒီအချိန်တုန်းက မိမိကိုယ်တိုင်လည်း ပါဝင်ခဲ့သည်။ အဲဒီ အချိန်တုန်းက တော်လှန်ရေး ဆင်နွှဲနေရသည်ဟု ထင်မြင် နေခဲ့မိပြီး နိုင်ငံရေးလက်ကိုင်တုတ် ဖြစ် မှန်း မသိဖြစ်ခဲ့ရသည်။ လက်ကိုင်တုတ် လူစွမ်းကောင်းကြီးတွေဟုလို့ပင် မိမိကိုယ် မိမိထင်မြင်မိခဲ့သည်။ အဲဒီအချိန် အဲဒီ နေ့ရက်များတွင် မိမိတို့တစ်တွေ တစ်မြို့ နယ်လျှင် အယောက်(၂၀) မိမိ အစီအစဉ် ဖြင့် ကိုယ်ပိုင်ဝါးရင်း တုတ်များပြုလုပ်၍ ဂုန်နီအိတ်များ၊ ဆာလာအိတ်များထဲထည့်၍ ဒိုင်နာ ကားများ ဖြင့် ချင်းချောင်းရိပ်သာဝင်း ထဲ၌ (၃)(၄)ရက်ခန့် စုရပ်အနေဖြင့် အသင့် အနေအထား တပ်စွဲခိုင်းထားကြသည်။ အမှန်တကယ် မိမိတို့က ကြံ့ခိုင်ရေးတွေပင်။ကြံ့ခိုင်ရေး အမည်ဖျောက် ပြည်သူ့ အသွင် ရောက်သဘောဖြင့် စွမ်းအားရှင်ဟု အမည်နာမပေးထားသည်။ အများအမြင်မှာတော့ ၀ါးရင်းတုတ်တပ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ တချို့ ဆို လောက်လေးခွများ၊ ဂျင်ကလိများ ပင်ယူလာကြသည်။ ချင်းချောင်းရိပ်သာထဲ တွင် မြို့နယ်ပေါင်းစုံမှ ၀ါးရင်း တုတ်စွမ်းအား ရှင်များ ဘယ်လောက်များ လှသည်မသိ၊ တစ်မြို့နယ်နဲ့တစ်မြို့နယ် ဘောလုံးချိန်းကန် သူကန်၊ ပိုက်ကျော်ခြင်း ခတ်သူကခတ်၊ ကျားထိုးသူကထိုးနှင့် ပျော်စရာရွှင်စရာများ နှင့် ချင်းချောင်းရိပ်သာဝင်းထဲရှိ ယဉ် ကျေးမှုအနုပညာဦးစီးဌာန ၀န်ထမ်းအိမ်များမှရောင်းသည့် ထမင်း၊ ဟင်း၊ ကော်ဖီ၊ လက်ဖက်သုပ်၊ ချင်းသုပ်၊ ဘီယာ စသည့် အိမ်ဆိုင်များမှာလည်း ၀င်ငွေကောင်းလျက် ရှိကြသည်။ ပေါ်ပေါ်ထင်ထင်တော့မရောင်း၊ သူတို့ လူကြီးတွေမသိအောင် တိတ်တဆိတ် ရောင်းကြသည်။

တချို့နေ့တွေဆို လှုပ်ရှားမှုမပြုလုပ် ရဘဲ ချင်းချောင်းရိပ်သာထဲတွင် တစ်နေကုန် နေနေကြရသည်။ အမိန့် တစ်စုံတစ်ရာ မရ မချင်းအပြင်မထွက်ရ၊ ညမှောင်ရီပျိုးအချိန် ကျမှ လူမသိအောင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ တိတ် ဆိတ်စွာ အိမ်ပြန်ကြရသည်။ နေ့တွက်ကို တိုင်းနှင့်မြို့နယ်တာဝန်ရှိများက တစ်ဦး တစ်ထောင်ရှင်းပေးသည်။

အဲဒီအချိန်တုန်းက စွမ်းအားရှင် အလုပ်ကောင်း၍ မိမိတို့ရပ်ကွက်အမှုဆောင် တစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦး စကေဘာနှင့် အထိုးခံရသည်။ ဘယ်တုန်းက အလစ် ချောင်းနေသည်မသိ။ ဖြစ်စဉ်က ဂွတ္တလစ် မီးပွိုင့် ဆရာစံ လမ်း ယခင်ပြည်ထဲရေးရုံး ရှေ့ NLD အဖွဲ့တွေကိုဟန့်တားဖို့ စွမ်း အားရှင်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ ရင်ဆိုင် ကြတဲ့အခါ ရိုက်ကြ၊ နှက်ကျ၊ ထိုးကြ၊ ကြိတ်ကျနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြရင်း မိမိ နှင့်လုပ်ဖော်ကိုင်ဖက် အစ်ကို တစ်ယောက် လိုခင်မင်ရသူ ရပ်ကွက်အမှုဆောင်တစ်ဦး လည်းဖြစ်သူက လူအုပ်ကြားထဲရောက်သွား ရင်း နောက်ကျောကို စကေဘာနှင့် အထိုး ခံရခြင်းဖြစ်သည်။ ဖြစ်ဖြစ်ချင်း နောက်ကျော တင်ပါးမှ သွေးများထွက် လာသည့် ဒဏ်ရာကို လက်ဖြင့်ပိတ်ထားရင်း ဒယိမ်းဒယိုင်ဖြင့် အောင်ကိုရေ ငါတော့ထိသွားပြီဟုပြောရာ မိမိလည်း ၎င်းအားတွဲထားလျက်တိုင်း ခေါင်းဆောင်များအား သတင်းပို့ရာ အမိုး ဖွင့်ဒိုင်နာကားအဖြူဖြင့် ရန်ကုန် ဆေးရုံကြီးသို့ အမြန်မောင်း၍ ပို့ဆောင်ကြသည်။ ဆေးရုံပို့သည့်ကားပေါ်တွင် NLD ၀တ်စုံနှင့် လူငယ် တစ်ဦး အား ဖမ်းဆီးပြီး ထိုးကြိတ် နေကြ၍ မိမိလူနာအား ထိခိုက်မှာစိုးသဖြင့် အပေါ်မှ မှောက်လျက်အနေ အထားကာ ပေး ထားရသည်။ ကားပေါ်တွင်ဘယ်လောက်တောင် ထိုးကြိတ်ကြသည်မသိ၊ အထိုးခံရသူမှာ ကြောက်လွန်း ၍ ချေးများပင်ထွက်ကျကာ မိမိနှင့်ဒဏ်ရာနှင့်လူမှာ ချေးများပေလျက် ဆေးရုံသို့ သွားခဲ့ကြရသည်။ ချက်ချင်းပင် ဆေးရုံသို့ ရန်ကုန်တိုင်း၊ ကြံ့ခိုင်ရေးအလုပ် အမှုဆောင်များ လာရောက် ကြည့်ရှုအားပေးကြပြီး တာဝန်ကျ ဆရာဝန် များက ချက်ချင်းမကုသပေး၍ စကားများ ခဲ့ကြရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်သန်း၏ ကိုယ်ရေးအရာရှိ လာရောက်တော့မှ ဆရာဝန်များ ကြည့်ရှုပေးတော့သည်။ ကိုယ်ရေးအရာရှိ ဖုန်းဖြင့် တိုင်းမှူးနှင့် ဒဏ်ရာရရှိသူ စွမ်း အားရှင်နှင့် တိုက်ရိုက်ဖုန်းပြောကာ တိုင်းမှူးက ထောက်ပံ့အလှူငွေ တစ်သိန်းချက် ချင်းပေးအပ်ခိုင်းပြီး အားပေးစကားများ ပြောသည်။ ဒဏ်ရာရရှိသူပင် ပြုံးပျော်လျက် မိမိတို့လည်း တိုင်းမှူးကြီးကိုယ်တိုင်အား ပေးနေ၍ ထူးဆန်းအံ့သြမိခဲ့သည်။ ဒဏ်ရာ သက်သာ၍ ဆေးရုံမှဆင်းအပြီး နောက် တစ်နေ့ နိုင်ငံပိုင်သတင်းစာ ဆောင်းပါတစ်ခုတွင် အဖြစ်မှန်ကို အမှန်အတိုင်းမဖော်ပြဘဲ လမ်းဘေးဂျ လေဘီ တွေ အုပ်စုဖွဲ့ရန်ဖြစ်၍ စကေဘာအထိုးခံရပြီး ဒဏ်ရာရရှိသည့် သဘော ရေးသားသည့်အတွက် ကာယကံ ရှင် မိသားစုများ ဒေါသထွက်လျက် နောက်ဆို နင်တို့နဲ့မထည့်တော့ဘူးဟု မိမိအပြောခံခဲ့ရသည်။ ဟုတ်လည်း ဟုတ်ပေသည်။ ပြန်တွေးကြည့်လေ စိတ်နာစရာကောင်းလှသည်။ ဒဏ်ရာရရှိသူနှင့် တစ်လမ်းတည်းနေ သူငယ်ချင်းဖြစ်သူ ကိုလှသိန်းက အထိုးခံရတဲ့နေရာက ကျောက်ကပ်နှင့် နည်းနည်းလေး ပဲလိုတော့တယ်။ ကံကောင်းလို့ပေါ့ဗျာ။ ခင်ဗျားတို့ကလည်းပြောတော့ ကြံ့ခိုင်ရေး၊ လူမှုရေးအလုပ်တွေ လုပ်ဖို့ခေါ်သွား ဟိုရောက် တော့ NLD ကိုချခိုင်း၊ ဒဏ်ရာရတော့ ဂျလေဘီတွေ လမ်းဘေးရန်ဖြစ်တယ်ပြော၊ မသေကောင်း မပျောက် ကောင်းဗျာ။ ကျွန်တော့်သူငယ်ချင်းကို နောက်မခေါ်ပါနဲ့ဗျာ။ သူနေကောင်းရင်ပြောမယ်၊ ခင်ဗျားတို့အထဲ က ထွက်ခိုင်းမယ်ဟု ပြောဆိုသည့် အသံ ယခုထက်တိုင် ကြားယောင်နေမိသည်။

တိုင်းခရိုင်ကြံ့ခိုင်ရေး တာဝန်ရှိသူတွေ ကတော့ ဒဏ်ရာရရှိသူအား နေအိမ်သို့ လာရောက်ကြည့်ရှု အားပေးကြ သည်။ တချို့ ကတော့ ထောက်ပံ့ကြေးတွေပေးသွားကြ သည်။ အမှတ်ရစရာတစ်ခုရှိခဲ့သည်။ ခရိုင် အတွင်းရေး မှူးတစ်ဦးက တာမွေ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ဟိန္ဒူမင်္ဂလာခန်းမတွင် ပြုလုပ်လျက် ရှိသော အမှုဆောင်ဆင့်ပွားသင်တန်း၌ သင်ခန်းစာ ပို့ချပြီး ဒဏ်ရာရသူလူနာအား သွားကြည့် မည်၊ ထောက်ပံ့ ငွေလည်း ပေးမည်။ ကိုအောင်ကိုရေ အိမ်လိုက်ပြရန် ပြောသဖြင့် လိုက်ပို့ရာ လူနာအား ခုတင်ပေါ်တွင်မတွေ့ရ၊ အိမ်ရှိအိမ်သားများက အောက်မှာ ရေ သွားချိုးတယ်ဟု အမှန်အတိုင်းပြောရာ ထိုင်စောင့်နေကြရင်း ရေချိုးပြီး တက်လာ သောလူနာအားတွေ့ပြီး အားပေးစကားပြော ၍ပြန်သွားသည်။ ပထမပေးမည်ပြောသည့် ထောက်ပံ့ ကြေးထည့်ထားသည့် စာအိတ် အားမထုတ်ပေးတော့ဘဲ ပြန်ယူသွားတာ ကိုကြည့်ရင်း ငိုအားထက် ရယ်အား သန် ဖြစ်ခဲ့ကြရသည်။ လူနာက ကောင်းနေသည် ကိုမြင်ပြီး ထောက်ပံ့ငွေတောင်မပေးတော့ ဘူး။ နောက်ဆို ကျွန်တော်ဖုန်းကြိုဆက်မယ်။ တိုင်း၊ ခရိုင်က လာကြည့်တော့မယ်ဆိုရင် ကုတင်ပေါ်မှာအိပ်နေ၊ ဒါမှ ထောက်ပံ့ ကြေး ရမှာဟု ရယ်စရာပြောဖြစ်ခဲ့ကြသည်။ အဲ ဒီအချိန်ကာလတုန်းက စွမ်းအားရှင်ဆိုတဲ့ ၀ါးရင်းတုတ်တပ်ဖွဲ့ကို ခေါင်းဆောင်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးအလုပ်အမှုဆောင်တွေ အခု တော့ တိုင်းဒေသကြီး လွှတ်တော်မှာ အမတ်မင်း တွေ ဖြစ်နေကြပြီး မသိနားမ လည်စွာ နိုင်ငံရေးအသုံးချခံခဲ့ရသူ ကိုယ့် အချင်းချင်း အိုးမည်းသုတ်ခံရသည့် ၀ါးရင်း တုတ်တပ်ဖွဲ့ဝင် လူစွမ်းကောင်းကြီးတွေမှာတော့ မသေလို့ ကံကောင်း၊ ဂျလေဘီလို့ တောင်အခေါ်ခံရ၊ စွမ်းအားရှင်ဘ၀ အခု တော့ အများသူငါ ရွံ့မုန်းစရာ။ သူတို့တွေက တော့ အခု လွှတ်တော်အတူတက်နေကြ ပါလားကွယ်ရို့ဟု ဆိုလိုက်ချင်ပါသည်။

တာမွေအောင်ကို
Myanmartandawsint Newspaper

ချင်းချောင်းနန်းတော်ဝင်းအတွင်းရှိ ကြံ့ခိုင်ရေးစွမ်းအားရှင်များ နားနေတပ်စွဲဘောလုံးကန်ခဲ့သည့်နေရာ 



ကမ္ဘာအေးဘုရားလမ်းရှိ ချင်းချောင်းအ၀င်အ၀ မုခ်ဦး

ကြံ့ခိုင်ရေးဝါးရင်းတုတ်တပ်ဖွဲ့ပါဝင်မိ၍ ဂျလေဘီဟု အစိုးရသတင်းစာမှ အရေးခံခဲ့ရ – တာမွေအောင်ကို  ကြံ့ခိုင်ရေးဝါးရင်းတုတ်တပ်ဖွဲ့ပါဝင်မိ၍ ဂျလေဘီဟု အစိုးရသတင်းစာမှ အရေးခံခဲ့ရ – တာမွေအောင်ကို Reviewed by သစ်ထူးလွင် on 18:49 Rating: 5
Powered by Blogger.