ဆိုင်ကယ်ကိုကားက နောက်မှဝင်တိုက် ၍ မိန်းကလေးတစ်ဦး သေဆုံး

ချောင်းဦး ဇွန် (၉)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင် ဇွန်(၇)ရက်နေ့ (၁၂း၀၀)နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မိန်းကလေးတစ်ဦး သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာနေ မဖြူဖြူခိုင်သည် ဇွန်(၇)ရက်နေ့(၁၂း၀၀)နာရီက သူငယ်ချင်းဖြစ်သူ မငြိမ်းဇာဝင်းအား DIANG ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီး ချောင်းဦးမြို့နယ်မှ မှန်ချိုကျေးရွာသို့ အပြန် အရဲကျောင်းထိပ် အလှူခံမဏ္ဍပ်တွင် ခေတ္တရပ်စဉ် အောင်မျိုးဝင်း မောင်းနှင်သည့် ဇ/------------ဖို့(ခေါင်းတို)မှ နောက်က ဝင်တိုက်၍ မငြိမ်းဇာဝင်းမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ကျောက်တင်ကား နောက်ဘီးနှင့် ကြိတ်မိကာ သေဆုံးသွားသဖြင့် အောင်မျိုးဝင်းအား အရေးယူပေးရန် တိုင်တန်း၍ ယာဉ်(ပ) ၃၄/၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့်ထားရာ စခန်းမှူး ဒု-ရဲအုပ် မိုးကျော်အောင်တို့မှ အခင်းဖြစ်ပွားရာသို့ သွားရောက် စစ်ဆေးခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အောင်မျိုးဝင်းအား အရေးယူထားကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက် (ချောင်းဦး)

MOI Webportal Myanmar


ဆိုင်ကယ်ကိုကားက နောက်မှဝင်တိုက် ၍ မိန်းကလေးတစ်ဦး သေဆုံး  ဆိုင်ကယ်ကိုကားက နောက်မှဝင်တိုက် ၍ မိန်းကလေးတစ်ဦး သေဆုံး Reviewed by သစ်ထူးလွင် on 19:51 Rating: 5
Powered by Blogger.