မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ

 ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့တယ်လို့ သိရသည်။

ဖမ်းဆီးခဲ့သည့် အမျိုးအစားမှာ ဖေါက်ခွဲရာတွင် အသုံးပြုသည့် Special Ordinary Detonator cap 40000 ကျော်ဖြစ်ပြီး ပစ္စည်းပိုင်ရှင်ဟု ယူဆရသော ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ Zabika (49) နှင့် ကလေးမြို့သား Thawnga (37) တို့နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားကြောင်းနဲ့ စစ်ဆေးမေးမြန်းဖို့ရန် ရဲလက်ထဲမှာ ရှိနေသေးတယ်လို့ ဒေသထုတ် သတင်းစာတွင် ဖော်ပြပါသည်။

ယခုဖမ်းဆီးထားသော လက်နက်အမျိုးအစားမှာ Gulf Oil Corporation Ltd. Explosive Division, Hyderabad ပြည်နယ်ရှိ ကုပ္မဏီမှ ထုတ်လုပ်ထားသည့် ပေါက်ကွဲစေသော စနက်တံဖြစ်သည်။

ယခုတလော တရားမ၀င်မှောင်ခိုပစ္စည်းများအနက် မြန်မာနိုင်ငံတွင် ရေပန်းစားနေသည်မှာ ဆူဒူဖီဒရင်စိတ်ကြွ ဆေးပြားဟု သိရသော်လည်း  ဖောက်ခွဲရာတွင် အသုံးပြုသော စနက်တံ ဟာလည်း  မှောင်ခို ရေပန်းစာလာတယ်လို့ အဆိုပါ သတင်းစာက ထပ်မံဖော်ပြထားပါသည်။

မီဇိုရမ်ရဲအရာရှိများ၏ ထွက်ဆိုချက်အရ ဒီလက်နက်အမျိုးအစားဟာ အိန္ဒိယနိုင်ငံမှ မီဇီုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို အကပ်လိုက်အကပ်လိုက် တရားမ၀င်တင်ပို့နေကြတယ်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် သူပုန်များ ထံသို့လည်း ရောင်း ချနေကြတယ်လို့ ပြောပါတယ်။

Detonator ဟာ ပေါက်ကွဲစေရာတွင်အသုံးပြုသည့် ပစ္စည်းတမျိုးဖြစ်သည်သာမဟုတ်၊ ဒီ ဒီတိုနီတာ ဟာ ပေါက်ကွဲမှု အားပြင်းတဲ့ လက်နက်တမျိုးဖြစ်ကြောင်း တတ်ကျွမ်းသူများက ပြောပါတယ်။

Khonumthung News Group.


မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ  မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ Reviewed by သစ်ထူးလွင် on 10:02 Rating: 5
Powered by Blogger.