အိန္ဒိယ မုဒိမ်းမှု ရဲတွေ ကိုင်တွယ်ပုံ ဒေါသထွက်

 အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ အုပ်စုလိုက် အဓမ္မ ပြုကျင့်ခံခဲ့ရပြီး သစ်ပင်မှာ ဆွဲကြိုးချ အသတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအစ်မ ၂ ဦးအနက် တစ်ဦးရဲ့ ဖခင်ဖြစ်သူက ရဲကို သွားရောက် တိုင်ကြားရာမှာ ရဲအရာရှိတွေက သူ့ကို လှောင်ပြောင်ခဲ့တယ်လို့ ပြောပါတယ်။

အက်တာ ပရာဒက်ရှ် ပြည်နယ် ရွာတစ်ရွာက နေအိမ်ကနေ ညီအစ်မ ၂ ဦး ပျောက်သွားကြောင်း ဆွေမျိုးသားချင်းတွေက ရဲကို ဖုန်းဆက် အကူအညီ တောင်းဖို့ ကြိုးစားရာမှာလည်း ၁၂ နာရီကျော် ကြာအောင် ခေါ်မှ ရဲက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆွေမျိုးတွေက ဘီဘီစီကို ပြောပါတယ်။

အခုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၃ ဦးကို ရဲက ဖမ်းဆီးထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

အဖမ်းခံရတဲ့ အထဲမှာ ရဲသား တစ်ဦးလည်း ပါဝင်ပြီး သူ့ကိုတော့ တာဝန် ပျက်ကွက်မှုနဲ့ ဖမ်းထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 ရဲတွေရဲ့ ကိုင်တွယ်ပုံကို ရွာသားတွေ ဒေါသထွက်

အိန္ဒိယ မုဒိမ်းမှု ရဲတွေ ကိုင်တွယ်ပုံ ဒေါသထွက်  အိန္ဒိယ မုဒိမ်းမှု ရဲတွေ ကိုင်တွယ်ပုံ ဒေါသထွက် Reviewed by သစ်ထူးလွင် on 02:04 Rating: 5
Powered by Blogger.