ဘူဒိုဇာဖြင့် လာဖြိုသဖြင့် မင်္ဂလာဒုံတွင် စည်ပင်နှင့် ကျူးများထိပ်တိုက်တွေ့


ဂျိုးဖြူပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း တည်ဆောက်ထားသော မင်္ဂလာဒုံမြို့နယ် ဓမ္မပါလရပ်ကွက်မှ ကျူးကျော်အိမ်များကို မြို့နယ်စည်ပင်သာယာရေးက ဘူဒိုဇာဖြင့် လာရောက်ဖြိုဖျက်သောကြောင့် ရပ်ကွက်နေပြည် သူများနှင့် စည်ပင်ဝန်ထမ်းများ ထိပ်တိုက်တွေ့ခဲ့ကြောင်း သတင်းရရှိသည်။

 တပ်ပိုင်မြေအတွင်း ကျူး ကျော်ပြီး ဂျိုးဖြူပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း တည်ဆောက်ထား သော ဓမ္မပါလရပ်ကွက်ရှိ နေအိမ် နှစ်အိမ်ကို မေလ ၃ ရက်တွင် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်း ၂၀ ကျော်ဖြင့် လာရောက်ဖြိုဖျက်ခဲ့သည်။ အဆိုပါ စည်ပင်အဖွဲ့သည် မေလ၄ ရက်တွင်လည်း ဂျိုးဖြူပိုက် လိုင်းနှင့် ပေ ၄၀ အတွင်းဆောက် လုပ်ထားသော အိမ်များကို ဘူဒို ဇာကားဖြင့် ဖယ်ရှားရန်ပြုလုပ်နေ စဉ် ကျူးကျော်ဆောက်လုပ်ထား သော ပြည်သူများက တားဆီးရာ မှ စည်ပင်အဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျူးကျော်များနှင့်ထိပ် တိုက်တွေ့နေသောကြောင့် နေ အိမ်များဖယ်ရှားရန်လာသော စည်ပင်ဝန်ထမ်းများသည် ဆက် မလုပ်တော့ဘဲ  လှည့်ပြန်သွားခဲ့ သည်။

 ‘‘အဲဒီနေရာက တပ်ပိုင်မြေ ပါ။ သူတို့ကနေ ကျူးကျော်ဝင် ရောက်နေတာ။ ကျွန်တော်တို့က စည်ပင်တာဝန်အရ  ပိုက်လိုင်းနဲ့ မလွတ်လို့ဖယ်ရှားတာပါ။ သူတို့ တွေကို ဖယ်ရှားဖို့ရာ တိုင်တန်း တာတွေလည်းရှိပါတယ်။ ကျွန် တော်တို့ကတော့ ပေ ၄၀ အတွင်း မလွတ်တဲ့အိမ်တွေကို ဆက်ပြီး ဖယ်ရှားသွားမှာပါ’’ဟု ဓမ္မပါလ ရပ်ကွက်အတွင်းရှိ ဂျိုးဖြူပိုက် လိုင်းနှင့် ပေ ၄၀ အတွင်းမလွတ် သော အိမ်များဖယ်ရှားရန်လာ ရောက်သော မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးမှ   လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင် မောင်မြင့်က ပြောသည်။

ဓမ္မပါလရပ်ကွက်အတွင်းရှိ နေအိမ်များသည် လွန်ခဲ့သောနှစ် ၂၀ ခန့်က စတင်နေထိုင်ခဲ့သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်မြေမဟုတ်ဘဲ ပလပ်မြေပေါ်တွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူများကပြောသည်။

‘‘ကျွန်တော်တို့က ဒီအိမ်ကို လာမယ့်နှစ်မှာနေဖို့ ဆောက်ထား တာ။ မနေ့က အဖျက်ခံလိုက်ရ တယ်။ ဒီနေ့လည်း ပိုက်လိုင်းနဲ့ မလွတ်တဲ့အိမ်တွေကို ကားနဲ့လာ ထိုးတယ်။ အရင်ကလည်း ၂၅ ပေအတွင်း ဖယ်ရမယ်ဆိုလို့ တစ် ခါဖယ်ပြီးပြီ။ နောက်တစ်ခါ ပေ ၃၀ ဖြစ်သွားတယ်။ အခုနောက် ထပ် ပေ ၄၀ အတွင်းက အိမ်တွေ ဖယ်ရမယ်ဆိုပြီး လုပ်လာတာပဲ’’ ဟု ပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း ရောက်ရှိနေသောကြောင့် မေလ ၃ ရက်တွင် ဖျက်ဆီးခံရသော နေအိမ်ပိုင်ရှင် ဦးနွဲ့စိုးက ပြောသည်။

 ပိုက်လိုင်းနှင့် ပေ ၄၀ အတွင်း  မလွတ်သောနေအိမ် ၂၈ အိမ်ရှိပြီး ကျန်ရှိသောနေအိမ် များမှာ ကျူးကျော်အိမ်များဖြစ် သောကြောင့် ဖယ်ရှားခံရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အဆို ပါရပ်ကွက်ရှိ နေအိမ်များသည် မြေကွက်တစ်ကွက်အတွက် ယခင်က မြို့နယ်စည်ပင်ထံ တစ်လလျှင် ကျပ် ၆,၀၀၀  ပေးဆောင်နေသော်လည်း ၂၀၁၂ ခုနှစ်မှစ၍ ပေးဆောင်ခြင်းမရှိတော့ကြောင်း အဆိုပါရပ်ကွက် ပြည်သူများက ပြောသည်။

Author: ငြိမ်းချမ်း
7Day Daily

ဂျိုးဖြူပိုက်လိုင်းအနီးကျူးကျော်အိမ်များကို မေလ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ဘူဒိုဇာဖြင့် လာဖြိုသဖြင့် မင်္ဂလာဒုံတွင် စည်ပင်နှင့် ကျူးများထိပ်တိုက်တွေ့ ဘူဒိုဇာဖြင့် လာဖြိုသဖြင့် မင်္ဂလာဒုံတွင် စည်ပင်နှင့် ကျူးများထိပ်တိုက်တွေ့ Reviewed by သစ်ထူးလွင် on 08:32 Rating: 5
Powered by Blogger.