လူမှုရေး အကြိမ်ကြိမ် ဖောက်ပြန်သည့် ဇနီးကို ယောက်ျားက ဓားဖြင့်ခုတ်သတ်


 အုတ်ဖိုမြို့နယ်တွင် အမျိုးသား တစ်ဦးက ၎င်း၏ဇနီးကို လူမှုရေး အကြိမ်ကြိမ် ဖောက်ပြန်နေ၍ ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။

 အုတ်ဖိုမြို့နယ်၊ ထန်းပင် ကုန်းအုပ်စု ဗိုလ်ရုံစုရွာတွင် မေလ ၇ ရက်မွန်းလွဲက လူမှုရေး ဖောက်ပြန်သည့် ကိစ္စဖြင့် စကား များရန်ဖြစ်ရာ အမျိုးသားက ၎င်း ၏ဇနီးဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သောကြောင့် နေရာတွင်ပွဲချင်းပြီး   သေဆုံးခဲ့သည်။

‘‘သူတို့သမီးတောင်(၁၄)နှစ် လောက်ရှိပြီဆိုတော့ အိမ်ထောင် သက်က ၁၅ နှစ်ကျော်လောက် ပြီ။ အဲဒီမိန်းမက နောက်ယောက်ျား နောက်လိုက်ပြေးတာ ခဏခဏပဲ။သူ့ယောက်ျားက ခွင့်လွှတ်ထားလို့။မနေ့က (မေလ ၇ရက်) ကတော့ နောက်ယောက်ျားနောက်လိုက်သွားမယ်ဆိုတာကို သိလို့ တားရင်းနဲ့ဖြစ်သွားတာ’’ဟုဒေသခံတစ်ဦးကပြောသည်။

  အသတ်ခံရသည့်အမျိုး သမီး၏တစ်ကိုယ်လုံးတွင်  ဓား ဒဏ်ရာများရရှိထားကာ ဓားဒဏ် ရာအနည်းဆုံးရှစ်ချက်ခန့်ရှိမည် ဟု အေးမြသာယာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဖြစ်သူကို အေးမြသာ ယာရဲစခန်း၌ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Author: ဇွဲဉာဏ်
7Day Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ