မင်္ဂလာဆောင်မှ ဒံပေါက် စားမိရာမှ လူဦးရေ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

မြစ်သား မေ ၃၁

မြစ်သားမြို့နယ်၊ ငါးဆူးကျေးရွာတွင် မေလ(၃၁)ရက်နေ့ မင်္ဂလာဆောင်မှ ဒံပေါက်စားမိ၍ လူဦးရေ (၁၂၂)ဦး အစာအဆိပ်သင့်မှုဖြစ်ပွားကာ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ ကူမဲမြို့ပြည်သူ့ဆေးရုံ၊ ငါးဆူးကျေးရွာ ရွာဦးကျောင်းတွင် ပြုစုရေး စခန်းများဖွင့်လှစ်ကာ ဆေးကုသမှုခံယူလျှက် ရှိကြောင်းသိရသည်။

အစာအဆိပ်သင့်မှုကြောင့် အော့အံခြင်း၊ ခေါင်းမူခြင်း၊ ဝမ်းလျောခြင်းများဖြစ်ပွားကာ ဆေးရုံဆေးခန်းများသို့ တာဝန်ရှိသူများမှ ပို့ဆောင်ခဲ့သလို မိမိတို့ အစီအစဉ်ဖြင့်လည်း ဆေးရုံဆေးခန်းများတွင်လည်း တက်ရောက် ကုသလျှက်ရှိကြောင်း သိရသည်။

အစာအဆိပ်သင့်မှုဖြစ်ပွားသူများအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည့်ကူညီမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အနီးကပ်ပေးလျှက်ရှိကြောင်း သိရှိရသည်။ အစာအဆိပ်သင့်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


မင်္ဂလာဆောင်မှ ဒံပေါက် စားမိရာမှ လူဦးရေ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား   မင်္ဂလာဆောင်မှ ဒံပေါက် စားမိရာမှ လူဦးရေ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:28 Rating: 5
Powered by Blogger.