ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံ ဆုဖလား ယူဆောင်လာမှုအပေါ် ဝေဖန်မှုများရှိ


ရန်ကုန်၊ မေ ၈

ပညာရေးဝန်ကြီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ်များ ဘောလုံး ဆပ်ကော်မတီမှ ကြီးမှူး ကျင်းပသည့် တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ ချန်ပီယံဆုဖလား အား မြန်မာ့လက်ရွေး စင် ဘောလုံး သမားဟောင်း ဦမျိုးလှိုင်ဝင်း က ဘောလုံးကွင်းအတွင်း ယူဆောင် လာမှုအပေါ် မဖြစ်သင့်ကြောင်း ယခင်တက္ကသိုလ် ဘောလုံး သမား ဟောင်းများနှင့် လက်ရှိတက္ကသိုလ် ဘောလုံးသမားများက ဝေဖန်လျက် ရှိသည်။

တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို မေလ ၃ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက အဆိုပါ ချန်ပီယံလိဂ် ဆုဖလားအား ကွင်းအတွင်း သယ်ဆောင်လာကာ ပြိုင်ပွဲအတွင်း ရေးမှူးဖြစ်သူ ယခင် ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေ၏မြေး ဦးနေရွှေသွေးအောင်ထံ သို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

““မနှစ်ကတော့ ဆုဖလား သယ်ဆောင်တာကို မော်ဒယ်လ် တစ်ယောက်နဲ့ လုပ်တော့ ဝေဖန်သံတွေ ကြားရ တယ်။ ဒီနှစ်တော့ မော်ဒယ်လ်နဲ့ မလုပ်ဘဲနဲ့ မျိုးလှိုင်ဝင်းကို ခိုင်းတယ်ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့နော်။ မျိုးလှိုင်ဝင်းက ၇ တန်း၊ ၈ တန်းပဲ အရည်အချင်းရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာတော့ ပါမောက္ခလောက် ရှိတယ်။ သို့သော် တက္ကသိုလ်ဘော လုံးပြိုင်ပွဲမှာဖလားကိုသယ်ဆောင် တဲ့သူ မရှိတော့ဘူးလား။ ထင်ပေါ် ကျော်ကြားတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဖြစ်ရမယ်ဆိုရင်လည်း ကျွန်တော်တို့ တက္ကသိုလ် ဘောလုံး သမားထဲမှာ ရှိပါတယ်။ ဥပမာ – သန်းတိုးအောင်၊တင်မြင့် အောင်၊ အောင်ကျော်ကျော်တို့ကို သုံးမယ်ဆိုရင် ပြောစရာ မရှိပါဘူး။ ကိုမျိုးလှိုင်ဝင်းက နေရွှေသွေး အောင်(ဖိုးလပြည့်) ငယ်ငယ်လေး ကတည်းက နည်းပြဆရာ ဖြစ်တဲ့ အတွက် သူကြိုးဆွဲရာက တာက ဒီခေတ်ကြီးထဲမှာ မဖြစ်သင့်ဘူး။ ဒါကိုတော့ အလေးအနက် ရှုတ်ချ တယ်””ဟု ယခင်တက္ကသိုလ်နှင့် ကောလိပ် ပေါင်းစုံဘောလုံး ပြိုင်ပွဲ များတွင် ၀င်ရောက်ကစားခဲ့ဖူးသူ လည်း ဖြစ်၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ လက်ရွေးစင် ရွေးချယ်ရေးအဖွဲ့၌ ပါဝင်ခဲ့ဖူးသူ ဦးဇော်မြင့်က မြန်မာသံ တော်ဆင့်သို့ ပြောသည်။

ဦးဇော်မြင့်မှာ လက်ရှိတွင် မြန်မာနေရှယ်နယ်လိဂ် ဘောလုံး ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။

၂၀၁၃ ခုနှစ် အောက်တို ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တက်္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲ ပြုလုပ်စဉ်က လည်း ၂၀၁၃ ခုနှစ် Miss Universe Myanmar အလှမယ်ဘွဲ့ရခဲ့သူ မော်ဒယ်လ်မိုးစက် ၀ိုင်အားကွင်း အတွင်း သို့ ဖလားသယ် ဆောင်ခွင့်ပေးခဲ့သည့်အတွက် ဝေဖန်သံများထွက်ပေါ်ခဲ့သေးသည်။

လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်းအား နေရာပေးမည်ဆိုပါက မြန်မာနိုင်ငံအစိုးရက ပြုလုပ်နေသည့် ဘောလုံးပြိုင်ပွဲများ၌သာ အသုံးပြုသင့်ပြီး တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ပြိုင်ပွဲများတွင်မူ ဦးသန်းတိုးအောင်၊ ဦးအောင်ကျော်ကျော်တို့ကို ရွေးချယ်ခြင်းမှာ ပိုမိုသင့်လျော်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

““တချို့ကလည်း ဒီကိစ္စကို ဝေဖန်ကြတယ်။ ကိုမျိုးလှိုင်ဝင်းက ၁၀ တန်းတောင် မအောင်သေးတော့ သူ့နေရာ မှာ တခြားတစ် ယောက်ကို အစားထိုးချင်တယ်။ တချို့ကလည်း ဘာမှမပြောဘူး။ သူက အောင်မြင်ခဲ့တဲ့ ဘောလုံးသမား ဖြစ်နေလို့ပါ။ တချို့က လည်းသူ့နေရာမှာ တခြား၁၀တန်း အောင်တဲ့ ဘောလုံးသမား တစ် ယောက်ကို ထည့်စေချင်တယ်”” ဟု ပုသိမ်တက္ကသိုလ် လက်ရွေးစင်အသင်းမှ ဂိုးသမားကိုနိုင်လင်း ထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုကျင်းပမည့် တက္ကသိုလ်နှင့် ကော်လိပ်ပေါင်းစုံ ပြိုင်ပွဲအား ဦးနေရွှေသွေးအောင်က အဓိကပံပိုး ကူညီထား သူ ဖြစ်ပြီး ယမန်နှစ်က ဥက္ကဋ္ဌ ရာထူးယူခဲ့ပြီး ယခု နှစ်တွင်မူ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် အပေါ်မှာလည်း ဝေဖန်မှုများ ရှိသည်။

““ဦးနေရွှေသွေးအောင် (ဖိုးလပြည့်) က စပွန်ဆာပေးရင်လည်း စပွန်ဆာရာထူးမှာပဲ နေသင့်တယ်။ အခုလို မျိုးအတွင်းရေးမှူးတို့၊ မနှစ်ကဆိုလည်း ဥက္ကဋ္ဌ လုပ်တယ်။ ဒါတွေကိုတော့ကျွန်တော်တို့ ကန့်ကွက်တယ်။ ပြိုင်ပွဲ တွေ လုပ်တာတော့ ကောင်းပါတယ်။ သို့သော်လည်းပဲ ပြိုင်ပွဲရည်ရွယ်ချက်က တခြားစီဖြစ်နေတယ်။သူတို့ အတွင်းရေးမှူးဆိုတာ ကျွန်တော်တို့ မသိရသလို ကျွန်တော်တို့ ရွေးချယ်ရေး အဖွဲ့ကိုသူတို့မသိဘူး ဖြစ်နေ တယ်။ ဘယ်သူက ဥက္ကဋ္ဌ၊ ဘယ်သူက အတွင်းရေးမှူးလဲဆိုတာ သတင်းစာဖတ်မှ သိရတယ်။ သူတို့သဘော မျိုး သူတို့လုပ်နေတာကို ရှုတ်ချတဲ့ သဘောနဲ့ကျွန်တော်တို့ မသွားဘူး။ တက်္ကသိုလ် ဘောလုံးလောကကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နိုင် တဲ့သူတွေ အများကြီး ရှိတယ်။ သူ့အနေနဲ့ ပံ့ပိုးတယ်ဆိုတာ စပွန် ဆာအနေနဲ့ ငွေရေးကြေးရေး ပေးမယ်ဆိုတာကို လက်ခံတယ်။ သို့သော် အတွင်းရေးမှူးရာထူး ဆိုတာတော့ ပွင့်လင်းမြင် သာမှု ရှိရမယ်””ဟု ဦးဇော်မြင့်ကပြောသည်။

ယခင် စစ်အစိုးရ ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ၏မြေး ဦးနေ ရွှေသွေးအောင် မှာ ဘောလုံး ၀ါသနာပါသူတစ်ဦးဖြစ်ပြီး ယခင်ကလည်း အင်္ဂလန်ပရီးမီးယားလိဂ်မှ နာမည်ကြီးအသင်း ဖြစ် သည့် မန်ချက်စတာယူနိုက်တက် အသင်းအား ၀ယ်ယူရန်စီစဉ်ခဲ့ကြောင်းလည်း Embassy of Yangonကြေး နန်းပေါက်ကြားမှုဖြစ်စဉ်၌ သတင်း များ ထွက်ပေါ်ခဲ့ သေးသည်။

အလားတူ ဖိုးလပြည့်၏ဆရာဟု သတင်းထွက်နေသူ လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းမှာ လည်း အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးဖြစ်ပြီး အကောက်ခွန်ဝန်ထမ်းများအတွင်း လာဘ်စား မှုများ ကြောင့် ၀န်ထမ်း အများအပြား အလုပ်ထုတ်ခံရ သော်လည်း မပါဝင်ခဲ့သည့်အတွက် မေးခွန်းထုတ် ခံနေရသူ တစ်ဦးလည်း ဖြစ်သည်။

တင်ဇာအောင်
Myanmartandawsint Newspaper


ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံ ဆုဖလား ယူဆောင်လာမှုအပေါ် ဝေဖန်မှုများရှိ ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံ ဆုဖလား ယူဆောင်လာမှုအပေါ် ဝေဖန်မှုများရှိ Reviewed by သစ်ထူးလွင် on 09:20 Rating: 5
Powered by Blogger.