ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း လွှဲပြောင်းပေး

 မြန်မာပိုင်နက်နယ်စပ်ခြံ စည်းရိုးအနီးသို့ ခိုးဝင်လာသော ကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်စဉ် ကျဆုံးသွားသော လက်နက်ကိုင်၏ ရုပ်အလောင်း နှင့်သေနတ်ကို ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ မေလ ၃၀ ရက် ညနေတွင်ပြန်လည်လွဲအပ်လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ယူနီဖောင်း အ၀ါရောင်ပဲ ၀တ်ထားပြီး တပ်ဖွဲ့တံဆိပ်မပါ တော့ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ ၀င်လို့ပြောပေမယ့် လက်မခံပါ ဘူး။ ဒါပေမဲ့ မိတ်မပျက်စေချင်လို့ အ လောင်းရော၊ သေနတ်ရော ဒီနေ့ ပဲပြန်ပေးလိုက်ပြီ’’ဟု ဒုတိယရဲ မှူးကြီးအဆင့်ရှိ နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့အရာရှိတစ်ဦး ကပြောသည်။

မြန်မာဘက်မှ မောင်တော မြို့နယ်ခြားစောင့်လုံခြုံရေးရဲတပ်ရင်း ဒုတိယရဲမှူးကြီး မိုးညိုဦး ဆောင်သော အဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) တို့ မေ ၃၀ ရက် နေ့လယ်က မောင်တောမြို့နှင့် နယ်ချင်းစပ် နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ် ချောင်းစရီနယ်ခြားစောင့်ရဲစခန်း တွင် ဆွေးနွေးမှုများပြုလုပ်၍ ပြန် လည်လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိကြီးကပြောသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ ဘက်မှ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့် သွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဖွဲ့ကမူ နတ်ချောင်းစရီနယ်ခြား စောင့်ရဲစခန်းအနီးတွင် တင့်ကား ခြောက်စီးဝန်းရံ၍ အင်အားပြ သည့် ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်ဘင်္ဂလားဒေ့ရှ်တပ် သားတစ်ဦးကို မြန်မာနယ်ခြား စောင့်တပ်က ပစ်ခတ်ပြီး အ လောင်းကို ဆွဲယူသွားခဲ့သည်ဆို သည့် သတင်းများကြောင့် နယ် စပ် အခြေအနေ တင်းမာနေပြီး သောကြာနေ့ ညနေ ၄ နာရီမှစ ကာ ၄၅ မိနစ်ကြာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး အာဇစ်ကို ကိုးကား ကာ Fianncial Express သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့(BGB) က ၎င်းတို့  ၏ တပ်ဖွဲ့ဝင်ပါဟု ပြောကာ ပြန် တောင်းသွားသည့် ရုပ်အလောင်း နှင့် သေနတ်မှာ မေလ ၂၉ ရက် က မြန်မာပိုင်နက် နယ်စပ်အနီး သို့ လက်နက်ကိုင်ဆောင်လျက် ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်နေသည့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ ၀င်အချို့က ပစ်ခတ်လိုက်စဉ် သေဆုံးသွားခဲ့သူဖြစ်သည်။

‘‘ဗျူဟာမှူးက တစ်ဆင့် ဆွေးနွေးဖို့တောင်းဆိုတာပါ။ သ ဘောရိုးမှန်ရင် သောင်းကျန်းသူရှိ နေတဲ့နေရာကို ၀င်လာစရာ အ ကြောင်းမရှိဘူးလေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေရာကို ၀င်လာတာ ကြောင့် နယ်စပ်လုံခြုံရေးအရ ပစ်ခဲ့ပြီး သေဆုံးတော့မှသာ သူ တို့လူပါလို့ ပြောတာပါ’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မေလ ၂၉ ရက်တွင် ဒါကာရှိ မြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်းကို ဆင့်ခေါ်၍ ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ ၀င် Nayek M Mizanur Rahman ကို ချက်ချင်းပြန်လွှတ်ပေးရန် စာကို ပေးအပ်ခဲ့သည်။ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကြီး မူစတာ ဖာကာမယ်က လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနထံ ယင်းစာကို ထပ်မံပေး အပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်က ကျဆုံးသွားပြီဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်ကို ဖမ်းဆီးထားသော ၎င်းတို့တပ်ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်ဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာကို ရထားပါတယ်။ အရေးယူဆောင်ရွက်မှု ပြုနေပါ တယ်။ အခု အခြေအနေက အ ရမ်းရှုပ်ထွေးနေပါတယ်။ သူတို့ စာထဲမှာက သူတို့တပ်ဖွဲ့ဝင်လို့ ပြောထားပေမယ့် ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်ရမှာပါ။ မြေပြင် အခြေအနေသတင်းတွေစုပြီး စစ် ဆေးပြီးမှ ရှေ့တစ်ပတ်ထဲမှာ အကြောင်းပြန်ကြားရမှာ ဖြစ်ပါ တယ်။ လောလောဆယ်တော့ စာရတဲ့အထိပဲ ပြောလို့ရပါတယ်’’ ဟု နိုင်ငံရေးရာ ဦးစီးဌာန (ဘင်္ဂ လားဒေ့ရှ်နိုင်ငံ) မှ ဒုတိယညွှန် ကြားရေးမှူးတစ်ဦးက ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရပေးပို့ သည့် စာထဲတွင် ၎င်းတို့၏ တပ် ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်အပြင် မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ် တွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက် မှုပြဿနာများ ရေရှည်တွင် ထပ် မံမဖြစ်ပွားရန် ယခု ပစ်ခတ်တိုက် ခိုက်မှုကို စုံစမ်းစစ်ဆေးဖော် ထုတ်ပေးရန် တောင်းဆိုထား ကြောင်း ယင်းစာပါ ဖော်ပြချက် အရ သိရသည်။

‘‘သူတို့ တပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ်ကတော့ ဒီအချိန်မှာ ဘာ မှမပြောနိုင်သေးပါဘူး’’ ဟု နယ် ခြားစောင့် ကွပ်ကဲရေးတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

Author: အောင်သစ်လွင် / အေးသူစံ
7DAY DAILY


ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း လွှဲပြောင်းပေး  ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း လွှဲပြောင်းပေး Reviewed by သစ်ထူးလွင် on 18:06 Rating: 5
Powered by Blogger.