TNLA နှင့် တပ်မတော် တိုက်ပွဲ များကြောင့် လက်ဖက် စိုက်တောင်သူများ ထွက်ပြေး တိမ်းရှောင် နေရ

        တအောင်း လွတ်မြောက်ရေး   တပ်မတော် (TNLA) နှင့်    တပ်မတော်တို့ အကြား လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်  လက်ဖက်စိုက် တောင်သူ များ လက်ဖက်ခင်း များကိုပစ်ကာ ရှောင်တိမ်း ပုန်းရှောင် နေရကြောင်း တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA)    ပြန်ကြားရေးရုံး မှ သတင်း ရရှိသည်။

တအောင်း လွတ်မြောက်ရေး   တပ်မတော် အနေဖြင့် မတ်လ နှင့် ဧပြီလ   လက်ဖက်စိုက် ရာသီတွင်   ၎င်း တို့လှုပ်ရှားရာ ဒေသ ရှမ်း ပြည်နယ် မြောက်ပိုင်းတွင် ဒေသခံများ လက်ဖက်စိုက် ရာတွင် ငြိမ်းချမ်းစွာ စိုက်ပျိုးစေရမည်ဟု  ကတိ ပြုထားသည်။

ဒေသခံတွေကတော့  လက်ဖက်ခင်း တွေကို ပစ်ပြီးတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်။      သူတို့ အတွက်တော့ နစ်နာ တာပေါ့။ တချို့ဒေသ မှာဆို နေအိမ် တွေကိုပါ    စွန့်ပြီး ထွက်ပြေး တဲ့သူတွေရှိ တယ်။        အစိုးရ စစ်ကြောင်း နဲ့    ကျွန်တော်တို့ စစ်ကြောင်း  ထိပ်တိုက် တွေ့တော့မယ်  ဆိုတာနဲ့   ထွက်ပြေး တိမ်းရှောင်နေရတယ် ဟု  တအောင်း လွတ်မြောက်ရေး တပ်မတော်   (TNLA)   ပြန်ကြားရေး  တာဝန်ခံ   ဗိုလ်မိုင်းအိုက်ကျော် က  The Messenger    သတင်းစာ သို့ ပြောသည်။  

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ  တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားရာ ဒေသများဖြစ်သော   ကျောက်မဲ မြို့ နယ်၊  ကွတ်ခိုင် မြို့နယ်၊     နမ့်ခမ်း မြို့နယ် တို့တွင် ယခုလ အတွင်း အစိုးရ တပ်မတော်နှင့် တအောင်း လွတ်မြောက်ရေး တပ်မတော် တို့   အကြား တိုက်ပွဲ ရှစ်ကြိမ်ခန့် ဖြစ်ပွား ခဲ့ပြီး ယင်း မြို့နယ် အတွင်းရှိ တိုက်ပွဲဖြစ်ရာ ဒေသအနီးရှိ ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

                လက်ဖက်စိုက် တဲ့သူတွေလည်း  ထွက်ပြေး နေရတော့  သူတို့လည်း နစ်နာတယ်။   လက်ဖက်စိုက်ခင်းမှာ  နေ့စား လုပ်နေတဲ့  လက်ဖက်စိုက် တောင်သူတွေလည်း လက်ဖက် မ လုပ်ရတော့ ပိုက်ဆံတွေမရဘူးလေ။  လက်ဖက် ကုန်သွယ်မှု ကလည်း ထင်သလောက်မဖြစ် တော့ဘူး ဟု တအောင်း အမျိုးသမီးများ အဖွဲ့မှ ဒီဒီပိုးလ်ကျိန်းန်က The Messenger  သတင်းစာသို့ ပြောသည်။  

တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားရာ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် စစ်ပွဲကြောင့် နှစ် ဖက်တပ်များ       ထိခိုက် သေဆုံးမှုများ၊ ပြည်သူ လူထု အိုးအိမ်ပျက်စီးမှုများ မဖြစ်ပွားစေရေး အတွက် အစိုးရ  စစ်တပ်က ထိုးစစ်များ မပြုလုပ်ရန်   တအောင်း လွတ်မြောက်ရေး တပ်မတော်က  ဇန်န၀ါရီလ  က အစိုးရ   တပ်မတော်ထံ ပန်ကြားစာ တစ်စောင် ထုတ်ပြန်ခဲ့ ကြောင်း တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA)  မှ သိရသည်။

The Messenger သတင်းစာ


TNLA နှင့် တပ်မတော် တိုက်ပွဲ များကြောင့် လက်ဖက် စိုက်တောင်သူများ ထွက်ပြေး တိမ်းရှောင် နေရ  TNLA နှင့် တပ်မတော် တိုက်ပွဲ များကြောင့် လက်ဖက် စိုက်တောင်သူများ ထွက်ပြေး တိမ်းရှောင် နေရ Reviewed by သစ်ထူးလွင် on 11:25 Rating: 5
Powered by Blogger.