ဝါရှင်တန်မှာ မြန်မာ့အရေး လျှိ့ဝှက်ဆွေးနွေး



အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ CSIS နိုင်ငံတကာလေ့ လာရေးနဲ့ မဟာဗျူဟာဌာန မှာ မြန်မာပြည်ဆိုင်ရာ လျှိ့ဝှက်ဆွေးနွေးပွဲ တခုကို အမေရိကန်စံချိန် တနင်္လာနေ့မနက် မြန်မာစံတော်ချိန် တနင်္လာနေ့ ညပိုင်းမှာ ကျင်းပမယ်လို့ ခိုင်လုံ တိကျတဲ့ သတင်း ရပ်ကွက်တခုက RFA ကို ပြောပါတယ်။

အမေရိကန်၊ တရုပ်နဲ့ မြန်မာနိုင်ငံ သုံးနိုင်ငံအကြား ဆက်ဆံရေး တိုးတက်ဖို့ အဖြေရှာတဲ့အနေနဲ့ ကျင်းပမယ့် အဲဒီ သုံးပွင့်ဆိုင် အထူးဆွေးနွေးပွဲ ကို မြန်မာအစိုးရဖက်က အမေရိကန်နိုင်ငံဆိုင် ရာ မြန်မာသံအမတ် ကြီးဟောင်း ဦးသန်းဆွေ ဦးဆောင်တက်ရောက်ပါ လိမ့်မယ်။

မေမြို့စစ်တက္ကသိုလ်ကနေ ၁၉၇၅ ခုနှစ်မှာ သင်တန်းဆင်းခဲ့တဲ့ သံအမတ် ကြီးဟောင်း ဦးသန်းဆွေဟာ အမေရိကန်နဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး တိုးတက်မှုကို လိုလားသူဖြစ်ပြီး အမေရိကန်ထိပ်တန်းအရာ ရှိတွေနဲ့လည်း ရင်းနှီးသူဖြစ်ပါတယ်။ သံအမတ်ကြီးအဖြစ် ဝါရှင်တန်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က သူ့ရဲ့တင်ပြချက်တွေနဲ့ ပတ်သက် ပြီး နေပြည်တော်ဖက်က မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေရှိခဲ့တာကို မကြေနပ်တဲ့အတွက် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်မှာ ရာထူးက နုတ်ထွက် သွားခဲ့ပါတယ်။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်က သူ့ရဲ့ စေတနာနဲ့ အရည်အချင်းကို နှစ်သက်သဘောကျတဲ့အတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်ပေးထားတာဖြစ်တယ်လို့ မြန်မာအစိုးရ အသိုင်းအဝန်း က ပြောပါတယ်။

အခု ဝါရှင်တန် ဒီစီရှိ CSIS မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်မယ့် တခြားသူတွေထဲမှာ အရင်က ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ ဒေါက်တာ ဦးဇော်ဦး၊ ဦးဝင်းမင်း၊ ဦးအောင်သူငြိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ယာယီတာဝန်ခံအဖြစ် ၁၉၉၉ ကနေ ၂ဝဝ၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူး တဲ့ Priscilla A. Clapp ပရစ်စီလာ ကလက်ပ် နဲ့ Open Society Foundation က မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး Maureen Aung Thwin မော်ရင်း အောင်သွင်တို့ ပါဝင်တယ်လို့ သတင်းရပါတယ်။

မြန်မာ၊ အမေရိကန်နဲ့ တရုတ် အရာရှိတွေ ပညာရှင်တွေ တက်ရောက်မယ့် အဲဒီ သီးသန့်ဆွေးနွေးပွဲဟာ အထူးအရေးကြီးတဲ့အတွက် တခါးပိတ် ကျင်းပ မှာဖြစ်ပြီး သတင်းမီဒီယာတွေ လာရောက်ခွင့်မပြုဘူးလို့ အမည်မဖေါ်လို တဲ့ မြန်မာကိုယ်စားလှယ်တဦးက RFA ကိုပြောပါတယ်။

RFA Burmese




ဝါရှင်တန်မှာ မြန်မာ့အရေး လျှိ့ဝှက်ဆွေးနွေး ဝါရှင်တန်မှာ မြန်မာ့အရေး လျှိ့ဝှက်ဆွေးနွေး Reviewed by သစ်ထူးလွင် on 09:21 Rating: 5
Powered by Blogger.