တံတားဦးမြို့ နယ်တွင် မိုးသက်လေပြင်း တိုက်ခက်၍ ကျောင်းဆောင်အချို့ နှင့် လူနေအိမ်အချို့ ပျက်စီး

တံတားဦး၊ ဧပြီ ၃၀

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ နယ်တွင် ဧပြီလ (၂၉) ရက် ညနေ (၂း၃၀)နာရီ အချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းအချို့နှင့် ကျန်းမာရေးဆေးခန်း၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ချောင်းခွ အထက်တန်းကျောင်း ပေ (၁၉၀ဍ္ဍ၃၀ဍ္ဍ၂၄)ရှိ ရွှေကံ့ကော် နှစ်ထပ်ကျောင်းဆောင် ရှေ့မျက်နှာစာ ဒိုင်းမျှားတန်းနှင့် သွပ်ချပ်ရေ (၂၀၀)ခန့် အမိုးလံပျက်စီးခြင်း၊ အေးကြည်ကုန်း အလယ်တန်းကျောင်း ပေ (၁၉၀x၃၀x၂၄) နှစ်ထပ်ကျောင်းဆောင် စာသင်ခန်း (၃) ခန်းရှိ ဒိုင်းမျှားတန်းနှင့် သွပ်ချပ်ရေ (၈၀) ခန့် အမိုးလံပျက်စီးပြီး၊ ချောင်းခွကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဒိုင်းမျှားတန်းများနှင့် သွပ်ချပ်ရေ (၇၀) ခန့် အမိုးလံပျက်စီးခဲ့သည်။ ထို့ပြင် မိုးကြိုးတွင်းကျေးရွာနှင့် မြင်စိုင်းကျေးရွာရှိ လူနေအိမ်များဖြစ်သည့် သွပ်မိုးအိမ် (၇) အိမ်နှင့် ထန်းရွက်မိုး (၆) အိမ် အမိုးလံကာ ပျက်စီးဆုံးရှုံးခဲ့ပြီး မိုးရေကြောင့် ချောင်းခွ အထက်တန်းကျောင်းရှိ ကွန်ပျူတာ (၂) လုံးနှင့် ပရင်တာ(၁)လုံးတို့လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar





တံတားဦးမြို့ နယ်တွင် မိုးသက်လေပြင်း တိုက်ခက်၍ ကျောင်းဆောင်အချို့ နှင့် လူနေအိမ်အချို့ ပျက်စီး တံတားဦးမြို့ နယ်တွင် မိုးသက်လေပြင်း တိုက်ခက်၍ ကျောင်းဆောင်အချို့ နှင့် လူနေအိမ်အချို့ ပျက်စီး Reviewed by သစ်ထူးလွင် on 17:18 Rating: 5
Powered by Blogger.