မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တံ့ရန် အတွက် လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်မည့် သူများ ခင်ဦးမြို့ သို့ရောက်ရှိ


ခင်ဦး ဧပြီ ၃၀

မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တံ့ရန် အတွက် ရန်ကုန်မှ မြစ်ကြီးနား အထိလမ်း လျှောက်၍ ဆန္ဒ ဖော်ထုတ်မည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသီဟ ဦးစီးသော အဖွဲ့ဝင် (၄၁)ဦး လိုက်ပါလာသည့် အဖွဲ့သည် ရွှေဘိုမြို့မှ OMC မူးဘောင် အတိုင်း လမ်းလျှောက် လာရာ ခင်ဦးမြို့နယ်၊ ပေါက်တုံ ကျေးရွာသို့ နံနက် (၁၀)နာရီခန့် က ရောက်ရှိစဉ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းနှင့် တာဝန်ရှိ သူများက မြို့နယ်အတွင်း မလိုလား အပ်သော ပြသနာ တစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိစေရေး အတွက် ဦးသီဟနှင့် တွေ့ဆုံပြီး ကတိ ၀န်ခံချက် လက်မှတ် ရေးထိုးခဲ့သည်။

ထို့နောက် ပေါက်တုံ ကျေးရွာမှ ညနေ(၃) နာရီတွင် ခင်ဦးမြို့သို့လမ်းလျှောက် လာရာ ညနေ (၅)နာရီ တွင်ရောက်ရှိပြီး မြို့အတွင်း လမ်းမတော် တစ်လျောက် စီတန်း လှည့်လှည်ပြီး ပေါ်တော်မူ ဘုရားတွင် ညနေစာ စားပြီး ညအိပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းလျှောက် အဖွဲ့သည် နောက်ရက် နံနက်(၅) နာရီတွင် ခင်ဦးမြို့မှ OMC မူးဘောင် လမ်းတိုင်း ဆက်လက် လမ်းလျှောက် ထွက်ခွာ ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar


မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တံ့ရန် အတွက် လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်မည့် သူများ ခင်ဦးမြို့ သို့ရောက်ရှိ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တံ့ရန် အတွက် လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်မည့် သူများ ခင်ဦးမြို့ သို့ရောက်ရှိ Reviewed by သစ်ထူးလွင် on 17:16 Rating: 5
Powered by Blogger.