အရှေ့ပိုင်းမှာ ယူကရိန်း လုံခြုံရေးတွေ မစွမ်းဆောင်နိုင်


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေက နောက်ထပ် သိမ်းပိုက်မှုတွေ လုပ်နေရာမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ ဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန်းဒါး တူချင်နော့ဗ် က ပြောပါတယ်။

လက်ရှိ အခြေအနေမှာ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ဒွန်းညှက်မြို့နဲ့ လူဟန့်စ် မြို့တွေမှာ အခြေအနေတွေကို ပြန်မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရပါတယ်။

အစောပိုင်းတုန်းက ဟော်လစ်ဗ်ကာ မြို့မှာ အစိုးရ အဆောက်အအုံ တစ်ခုနဲ့ ရဲဌာနချုပ်ကို လက်နက်ကိုင်တွေက သိမ်းပိုက်လိုက်ပါတယ်။

မနေ့တုန်းကလည်း လူဟန့်စ် မြို့မှာ အစိုးရရုံး အဆောက်အအုံတွေကို ရုရှားလိုလားတဲ့ လက်နက်ကိုင်တွေက သိမ်းပိုက်လိုက်ပါတယ်။

ဆလိုဗင့်စ် မြို့မှာတော့ OSCE ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် ၁၂ ဦးကို ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေက ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Luhansk မြို့က အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ လက်နက်ကိုင်တွေ။

အရှေ့ပိုင်းမှာ ယူကရိန်း လုံခြုံရေးတွေ မစွမ်းဆောင်နိုင် အရှေ့ပိုင်းမှာ ယူကရိန်း လုံခြုံရေးတွေ မစွမ်းဆောင်နိုင် Reviewed by သစ်ထူးလွင် on 20:13 Rating: 5
Powered by Blogger.