ဇနီးဖြစ်သူ အိမ်အကူကို နှိပ်စက်ပြီးနောက် မြို့ နယ် တရားသူကြီး ရာထူးတိုး


အိမ်အကူကိုနှိပ်စက်ခဲ့သည့် ဇနီးဖြစ်သူ ၂နှစ်ကျော်ကြာ တိမ်းရှောင်နေဆဲ ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူမှာ မြို့နယ်တရားသူကြီး အဖြစ် ရာထူးတိုးမှု အပေါ် ဝေဖန်ခံနေရ

အိမ်အကူ အမျိုးသမီးငယ်အား ထိခိုက်နာကျင်အောင် ပြုမူခဲ့ပြီး နှစ်နှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်သည့် ဒုတိယမြို့နယ်တရားသူကြီး၏ ဇနီးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ခင်ပွန်း ဖြစ်သူမှာမူ မြို့နယ် တရား သူကြီး အဆင့်သို့ ရာထူးတက်ခဲ့ ခြင်း အပေါ်ဝေဖန်မှု အချို့ရှိလာ ခဲ့သည်။

၂ဝ၁၂ ခုနှစ်မတ်လ ၂၅ ရက်နေ့ က ပဲခူးမြို့ရဲစခန်းတွင် ပုဒ်မ ၃၂၄ (သာ မန်ထိခိုက်နာကျင်စေသောအမှု ပုဒ်မ)နှင့် အမှုဖွင့်ခံရပြီး အမှုလာ မရင်ဆိုင် သောကြောင့် ပဲခူးတရားရုံးက ပုဒ်မ ၅၁၂ ဖြင့် တရား ခံပြေးအဖြစ်ထပ်မံကာ ကြေညာခံထားရသော ယင်းအမျိုးသမီး ကိစ္စနှင့်ပတ်သတ်ကာ တရားဥပဒေစိုးမိုးဖို့ လိုလားနေသူတို့က

ဝေဖန်နေ ချိန်တွင်တရားခံပြေး၏ခင်ပွန်းဖြစ်သူက တောင်တွင်းကြီးမြို့ တရားရုံးတွင် ရာထူး ပင်တိုးသွားသည်က ထောက်ပြစရာဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က ဆိုသည်။

''သာမန်လူ မဟုတ်ဘူးလေဗျာ။ ဘက်မလိုက်ဘဲ တကယ့်ကို တရားစီရင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးက သူ့အမျိုးသမီးကို တောင် ဥပဒေဘောင်ထဲရောက်အောင် မစည်းရုံးနိုင်သေးဘဲ ရာထူးတိုးသွားတာ လူဝေဖန်စရာကြီးပါပဲ''ဟု ၎င်းကပြောသည်။ ယင်းသို့ ဖမ်းဆီးရမိခြင်းမရှိသေးသည့်အိမ်ဖော်အား မတရားနှိပ်စက် သောအမှုမှာ ပဲခူးတိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ ၏ နေအိမ်တွင် ငှားရမ်းနေထိုင်သော ဒုတိယ မြို့နယ်တရားသူကြီး၏ ဇနီးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရသိရသည်။

ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက''တရားရေးမဏ္ဍိုင်က သီးခြားဖြစ် နေတဲ့အတွက် ဒီအပေါ်ဘာမှမဝေဖန် ချင်ဘူး။ သို့သော်လည်း ကျူးလွန်သူလို့ ယူဆရသူကို ဖမ်းမိဖို့ သူနေနိုင်တဲ့နေရာ တွေက ရဲစခန်း၊ ကုန်ကုန်ပြောရရင် နယ်စပ်၊ လေဆိပ်အထိကို ပုံနဲ့တကွ ပို့ ထားပါတယ်၊ ဖမ်းမှာပါ''ဟုပြောသည်။ လက်ရှိအချိန်အထိ ယင်းအမျိုး သမီးအား မမိသေးမှုအပေါ် ၎င်းက မိသားစုဝင်များ ပူးပေါင်းပါဝင်ဖို့ လိုနေသည် ဟု ထောက်ပြနေပြီး၊ယခုလိုရှောင် ပြေးနေခြင်းက ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ အများဝေဖန်စရာ ဖြစ်နေသည်ဟု ထောက်ပြသည်။ ''မဖြစ်သင့်ဘူးဗျာ''ဟု ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက ဆက်ပြော သည်။

ထို့အပြင် အိမ်ဖော်မှာ မီးပူဖြင့်အပြင်းအထန် နာကျင်အောင်လုပ်ခံခဲ့ ရပြီး အမှုကို ပုဒ်မ ၃၂၆(အပြင်းအထန် နာကျင်အောင်လုပ်မှု)ဖြင့် အမှုဖွင့်သင့် သော်လည်း၊ သာမန်ထိခိုက်နာကျင်စေ သောအမှု ပုဒ်မဖြစ်သော ဥပဒေပုဒ်မ ၃၂၄(သာမန်ထိခိုက်နာကျင်စေသော အမှုပုဒ်မ) နှင့်သာ အမှုဖွင့်ခြင်းက လူ့အခွင့်အရေးတက်ကြွသူတို့၏ နောက် ထပ်ဝေဖန်စရာအဖြစ် ရှိနေသေးသည် ဟုလည်းသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ''မှားနေတယ် ထင်တယ်နော်။ ဥပဒေကို လက်တစ်လုံးခြားလုပ်တာပဲ၊ ဒါက သာမန်နာကျင်စေမှုလို့ ခေါင်းစဉ်တပ်တာက အံ့သြစရာပဲ'' ဟု ဝေဖန်လိုက်သည်။ အမှုကို လက်ခံခဲ့ သော ရဲစခန်းမှရဲအရာရှိဖြစ် သူက ၃၂၆ နှင့် ဖွင့်သင့်သည့်အတွက် ဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် သာမန်ထိခိုက်

မှုဟု ဥပဒေတပ်ရန်ဖြစ်လာခဲ့သည်ဟု ထုတ်ပြောသည်။ တနင်္သာရီတိုင်းဒေသ ကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြင့်ဝင်းက ရာထူးတိုး မှုမှာ ဖြစ်သင့် ဖြစ်ထိုက်သူကိုသာ တိုးခြင်းဖြစ်သည့်အတွက် ၎င်းနှင့်ပတ်သက်သူတစ်ဦးကြောင့် မတိုးပေးဟုဆိုပါလျှင် မဖြစ်သင့်ပါကြောင်း ပြောသည်။ ''သူကကျူးလွန်သူမဟုတ်ဘူး'' ဟု တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြောသည်။

Popular Myanmar News Journal

တရားသူကြီး ဇနီး နှိပ်စက်ခဲ့သည့် အိမ်အကူ မအေးယုအောင် 

ဇနီးဖြစ်သူ အိမ်အကူကို နှိပ်စက်ပြီးနောက် မြို့ နယ် တရားသူကြီး ရာထူးတိုး ဇနီးဖြစ်သူ အိမ်အကူကို နှိပ်စက်ပြီးနောက် မြို့ နယ် တရားသူကြီး ရာထူးတိုး Reviewed by သစ်ထူးလွင် on 16:00 Rating: 5
Powered by Blogger.