ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ သူရဲကောင်း သတင်းသမား ၁၀၀ တွင် ပါဝင်


မေလ ၃ ရက် နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်မှုနေ့ ၂၀၁၄ ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က “သူရဲကောင်း သတင်းသမား ၁၀၀” အမည်စာရင်းကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

အဲဒီအမည်စာရင်းထဲမှာ မြန်မာနိုင်ငံက ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အပါအ၀င် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ သတင်းသမားတွေ ပါဝင်ပါတယ်။

မကွေးမြို့က ဒီဗီဘီသတင်းထောက် ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်းတခုက ပေးအပ်တဲ့ ပညာသင်ဆုရွေးချယ်ပုံနဲ့ ပတ်သက်လို့ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲခံခဲ့ရတာဖြစ်ပြီး ပိုင်နက်ကျူးလွန်မှု ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရသူလည်း ဖြစ်ပါတယ်။

သူတို့ရဲ့လုံခြုံရေး၊ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်ပေးဆပ် အနစ်နာခံကြတဲ့ သတင်းသမားတွေနဲ့ ဘလော့ဂါတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ခရစ္စတိုဖီ ဒီလွိုင်းရားက အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မှုဟာ ဖိနှိပ်ခံရသူများအတွက် အားပေးထောက်ခံမှုကို ပံ့ပိုးဖြည့်ဆည်းပေးရာမှာ ကန့်သတ်မထားသင့်ကြောင်းနဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် လုပ်ဆောင်နိုင်သူ များကို တန်ဖိုးမြှင့်ပေးဖို့ ရည်ရွယ်ပါတယ်လို့လဲ RSF က ဆိုပါတယ်။ သတင်းလွတ်လပ်မှုရှိတဲ့ ကမ္ဘာ့နိုင်ငံများအညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၄၅ ရှိနေပါတယ်။

 By ဒီဗွီဘီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ