အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည်


အလုပ်သမားများအ တွက် အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်နိုင်ရေး အတွက် တိုင်းနှင့်ပြည် နယ်အားလုံးတွင် အခြေခံလူနေ မှု ကုန်ကျ စရိတ်များကို စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘စစ်တမ်း ကောက်ယူနိုင်ဖို့ အတွက် ဆာဗေးဖောင်တွေပြင် ဆင်ထားပြီးပြီ။ မိသားစုတစ်စုရဲ့ အမှန်တကယ်ကုန်ကျမယ့် အခြေ ခံလူနေမှုကုန်ကျစရိတ်တွေကို သိနိုင်မယ့် အချက်အလက်တွေ ထည့်သွင်းထားပါတယ်’’ဟု ၎င်းက ဆိုသည်။

စစ်တမ်းကောက်ယူရာတွင် အခြေခံလူနေမှုကုန်ကျစရိတ်နှင့် စားသောက်စရိတ်တို့ကို အဓိက ကောက်ယူသွားမည်ဖြစ်ပြီး ကျန်း မာရေးအသုံးစရိတ်နှင့် အခြား အပိုကုန်ကျစရိတ်များထည့်သွင်းကောက်ယူသွားမည်      မဟုတ် ကြောင်း သတင်းရရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် မြန်မာ့ ဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန် တိုင်း၊ ပဲခူးတိုင်းနှင့်မန္တလေးတိုင်း တို့တွင် စစ်တမ်းများကောက် ယူထားပြီး ယခုကောက်ယူမည့် စစ်တမ်းမှာ ဝန်ကြီးဌာနက တိုင်း နှင့်ပြည်နယ်အသီးသီးတွင် ဖွဲ့ စည်းပေးထားသည့်အနည်းဆုံး အခကြေးငွေနှုန်းထားသတ်မှတ် ရေးကော်မတီများမှတစ်ဆင့် ကောက်ယူသွားမည်ဖြစ်ကာ နေ ပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ပြန်လည်ကောက်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခုလိုမျိုး ကောက်တာက လည်း လုပ်သင့်ပါတယ်။ အနည်း ဆုံးအခကြေးငွေသတ်မှတ်တဲ့ အခါမှာ ကျွန်တော်တို့က တစ်နေ့ ရှစ်နာရီလုပ်ခနဲ့ညီမျှတဲ့ လစာကို လိုချင်တာပါ။ အဲဒီထဲမှ ထောက် ပံ့ကြေးတွေ၊ ရက်မှန်ကြေးတွေ၊ အပိုဆုကြေးတွေကို ထည့်တွက် ထားမယ်ဆိုရင်တော့ အရင်က အခြေအနေနဲ့ သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး’’ဟု အလုပ်သမား သမဂ္ဂများပူးပေါင်းဆောင်ရွက် ရေးကော်မတီတာဝန်ခံ ကိုထွန်း ထွန်းနိုင်က ပြောသည်။

အနည်းဆုံးအခကြေးငွေ နှုန်းထားသတ်မှတ်နိုင်ရန် အလုပ် သမားအလုပ်အကိုင်နှင့်လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြည်နယ်နှင့် တိုင်းကော်မတီဥက္ကဋ္ဌများနှင့် သွား ရောက်ဆွေးနွေးလျက်ရှိပြီးရခိုင် ပြည်နယ်တစ်ခုသာ ဆွေးနွေးရန် ကျန်ရှိသည်။

အဆိုပါဆွေးနွေးမှုများပြီးပါက ပြည်နယ်နှင့်တိုင်းကော်မတီ များကို သင်တန်းပေး၍ သက်ဆိုင်ရာဒေသများတွင်  စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်သည်။

Author: နိုင်လင်းအောင်

7Day Daily

လုပ်ခလစာတိုးမြင့်ရရှိရေး ဆန္ဒပြနေသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည် Reviewed by သစ်ထူးလွင် on 08:28 Rating: 5
Powered by Blogger.