ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်တွင် မီးဘေးသင့် ပြည်သူများ အကူအညီလိုအပ်



Share/Bookmark

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က တရွာလုံးနီးပါး မီးဘေးသင့်ခဲ့တဲ့ ငါးဟေရွာက ရွာသူရွာသားတွေ အကူအညီတွေ အများကြီး လိုနေသေးတယ်လို့ လားဟူ အမျိုးသမီး အဖွဲ့က ပြောပါတယ်။

အိမ်ခြေ ၇၂ လုံးရှိတဲ့ အဲဒီရွာမှာ အိမ် ၃ လုံးလွဲပြီး အားလုံးနီးပါး မီးလောင်သွား ပါတယ်။ လောလောဆယ် အိမ်ပြန်မဆောက်နိုင်သေးဘဲ လူပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးဟာ ယာယီမိုးကာတဲ ရွက်ဖျဉ်တဲတွေမှာ နေနေရပြီး စောင်၊ အ၀တ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ လားဟူအမျိုးသမီး အဖွဲ့အစည်း ပြောခွင့်ရ နာဗစ်ဘွန်က ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်ပြီးချိန်က မြို့နယ်အုပ်ချုပ်ရေးဘက်ကရော အခြားလူမှုအဖွဲ့အစည်းတွေကပါ စားနပ်ရိက္ခာ အသုံးအဆောင်တချို့ လာရောက်လှူ ခဲ့ပေမယ့် ရွာသားအများစုက အ၀တ်တထည် ကိုယ်တခုသာ ကျန်ခဲ့တာမို့ နောက်ထပ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

သူတို့ကို မြို့နယ်အုပ်ချုပ်ရေးဘက်က နေအိမ်ပြန်ဆောက်ပေးမယ်လို့ ပြောသွားခဲ့ပေမယ့် ဒီနေ့ထိ ဘာမှလာလုပ်ပေးတာ မရှိသေးဘူးလို့ နာဗစ်ဘွန်က ဆက်ပြောပါတယ်။

ငါးဟေရွာမှာ လားဟူတိုင်းရင်းသား အများစု နေထိုင်ပြီး တောင်ယာအလုပ်ကို အဓိကထား လုပ်ကာ မီးလောင်တဲ့နေ့က လူကြီးတွေက တောင်ယာသွားနေတဲ့အတွက် မီးဟာ ဘယ်ကနေ ဘယ်လိုစလောင်တာ အတိအကျ မသိရဘဲ ရွာသားအများစုကတော့ တောမီးကနေတဆင့် ကူးစက်တာလို့လည်း ပြောဆိုနေကြပါတယ်။

 By ဒီဗွီဘီ




Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ