စက်ဘီးတွန်း လမ်းလျှောက်လာသူအား ခရီးသည်တင်ယာဉ် ဝင် တိုက် (သွေးလန့် တက်သူများ ဓါတ်ပုံမကြည့်ရ)


ဧပြီလ ၁၈ ၊ အိမ်မဲ

ဧရာဝတီတို်င်း ဒေသကြီး အိမ်မဲမြို့ တ ကော ကျေးရွာအုပ်စု ၊ ရိုးကြီးကျေးရွာ အနီး ရှိ မြောင်းမြ  အိမ်မဲကားလမ်း မိုင်တိုင် အမှတ် (0/1) အနီးတွင် ဧပြီလ ၁၇ နေ့ နံနက်  (10း15) အချိန်၌ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ  ဧပြီလ ၁၇ နေ့ နံနက် ၁၀း၁၅ အချိန်တွင်  မြောင်းမြ မြို့မှ ရန်ကုန်သို့ ခရီးသည် တင် ဆောင်လာသော ဟွန်ဒိုင်း အမျိုးအစား ၊ နံသာရောင် ယာဉ်အမှတ် 5C/2309  ချမ်းသာအမည် ရှိ ယာဉ်မောင်း ကျော်မင်း အောင် မောင်းနှင် လာ သော  ယာဉ်မှ တ ကော ကျေးရွာအုပ်စု ၊ဖျာ တန်းကျေးရွာမှ ရွှေညောင်ပင် ကျေးရွာသို့ ကားလမ်းဘေး အတိုင်း စက်ဘီးတွန်း လမ်းလျှောက်လာသူ ဒေါ်မြင့်ကြည် ဆိုသူအား မျက်နှာချင်းဆိုင် ဝင် တိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေညောင် ပင် ကျေးရွာ နေသူ ဒေါ်မြင့်ကြည်မှာ ဦးခေါင်းမှ ခါးအထိ ကားဘီးဖြင့် ဖြတ်ကြိတ် ထားသောဒဏ်ရာဖြင့် အခင်းဖြစ်ပွားနေရာ ၌ပင် ပွဲချင်းပြီးသေဆုံး ခဲ့သည်။

မော် တော်ယာဉ် အား ပေါ့ဆစွာ မောင်းနှင်မှုကြောင့်လူ့ အသက်သေ ဆုံးစေခဲ့သဖြင့် အိမ်မဲမြို့ ရဲတပ်ဖွဲ့ မှ တာဝန်မှူး ဒုရဲအုပ်ထွန်းလွင်ဦးမှ တရားလိုပြု၍ ယာဉ်(ပ)၁၅/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၄ က ဖြင့် အ ရေးယူ ဆောင် ရွက် လျှက် ရှိ ကြောင်းသိရသည်။

ဇော်လင်းထွေး  အိမ်မဲ

BY THIT HTOO LWIN


စက်ဘီးတွန်း လမ်းလျှောက်လာသူ ဒေါ်မြင့်ကြည် (သေဆုံး)

စက်ဘီးတွန်း လမ်းလျှောက်လာသူအား ခရီးသည်တင်ယာဉ် ဝင် တိုက် (သွေးလန့် တက်သူများ ဓါတ်ပုံမကြည့်ရ) စက်ဘီးတွန်း လမ်းလျှောက်လာသူအား ခရီးသည်တင်ယာဉ် ဝင် တိုက် (သွေးလန့် တက်သူများ ဓါတ်ပုံမကြည့်ရ) Reviewed by သစ်ထူးလွင် on 10:16 Rating: 5
Powered by Blogger.