နေရာရွှေ့ပြောင်းသည့် လေယာဉ်မှ ရပ်ထားသော လေယာဉ်ကို တိုက်မိ


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေယာဉ်ကွင်းအတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Backယာဉ်ဖြင့်တွန်း၍ နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့်သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင် ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်း တံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါ လေယာဉ်တိုက်မိမှုကြောင့် GMA လေယာဉ်၏ ဦးပိုင်းနှင့် MAI လေယာဉ်၏ ယာဘက် နောက်ပိုင်းတံခါးတို့ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police






နေရာရွှေ့ပြောင်းသည့် လေယာဉ်မှ ရပ်ထားသော လေယာဉ်ကို တိုက်မိ နေရာရွှေ့ပြောင်းသည့် လေယာဉ်မှ ရပ်ထားသော လေယာဉ်ကို တိုက်မိ Reviewed by သစ်ထူးလွင် on 10:22 Rating: 5
Powered by Blogger.